ပြည်သူ့အသံနဲ့ ဖက်ဆစ်ပုလ္လင်ကို ရိုက်ခွဲပစ်မယ်ဆိုတဲ့ မုံရွာသပိတ်

Photo – General Strike Coordination Body – GSCB
ပြည်သူ့အသံနဲ့ ဖက်ဆစ်ပုလ္လင်ကို ရိုက်ခွဲပစ်မယ်လို့ ကြွေးကြော်လိုက်တဲ့ သပိတ်တိုက်ပွဲကို စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ အာဇာနည်လမ်းမပေါ်မှာဒီကနေ့ ကျင်းပခဲ့ပါတယ်။
မုံရွာလူငယ်များအစည်းအရုံးနဲ့ မုံရွာအခြေခံပညာ ကျောင်းသားသမဂ္ဂတို့ ပူးပေါင်းပြီး ”ပြည်သူ့အသံနှင့်ဖက်ဆစ်ပုလ္လင်ကိုရိုက်ခွဲပစ်မယ်”ဆိုတဲ့ဘန်ကာကိုကိုင်ဆောင်ကာ မုံရွာပြည်သူတွေသွေးမအေးဘဲ ဆက်လက်ပါဝင်ပေးကြဖို့ နဲ့ ရက်စက်ယုတ်မာတဲ့စစ်ခွေးတစ်သိုက်ဟာ စစ်ကိုင်းမြေမှာ ပြောင်ပြောင်တင်းတင်းလူ့အခွင့်အရေးတွေချိုးဖောက်နေပြီဆိုတဲ့အကြောင်းသပိတ်တရားဟောခဲ့တယ်လို့ GSCB ကထုတ်ပြန်ပါတယ်။
ဒါ့အပြင် စစ်အာဏာရူးမင်းအောင်လှိုင်ပုံကို မီးရှို့သပိတ်မှောက်ခဲ့ကြပါသေးတယ်။