ဟုမ္မလင်းစာသင်ကျောင်း ဗုံးပေါက်ကွဲမှု PDF တွေနဲ့ မသက်ဆိုင်ဘူးလို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နောင်ပါတ်ခါးရပ်ကွက်စာသင်ကျောင်း ဗုံးပေါက်ကွဲမှုမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နဲ့ လုံးဝသက်ဆိုင်ခြင်းမရှိဘူးလို့ ထုတ်ပြန်လိုက်ပါတယ်။
ဇွန် ၆ ရက်နေ့က ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်စံပြရွာ၊နောင်ပါတ်ခါးရပ်ကွက် စာသင်ကျောင်းမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အသံဗုံးလို့လည်း ဆိုကြကြောင်း အဲဒီဖောက်ခွဲမှုဟာ ဟုမ္မလင်းမြို့နယ် ပအဖ၊ ပကဖ၊ PDF နဲ့ LDF တပ်ဖွဲ့ဝင်တွေနဲ့ လုံးဝမသက်ဆိုင်ကြောင်း ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
အမျိုးသား ညီညွတ်ရေးအစိုးရက မြို့နယ် ပအဖ၊ ပကဖ၊PDF နဲ့ LDF တပ်ဖွဲ့တွေကို လမ်းညွှန်ချက်ထဲမှာ အများပြည်သူနဲ့သက်ဆိုင်တဲ့ဆေးရုံ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းစတဲ့နေရာတွေကို တိုက်ခိုက်ခြင်း၊ ဖျက်ဆီးခြင်း၊ တပ်စွဲခြင်းမပြုရလို့ အတိအလင်း လမ်းညွှန်ထားတယ်လို့ ဆိုပါတယ်။
နောင်ပါတ်ခါးရပ်ကွက် စာသင်ကျောင်း ဗုံးဖောက်ခွဲခြင်းဟာ PDF တွေရဲ့ ပုံရိပ်ကို ဖျက်လိုဖျက်ဆီးလုပ်ရပ်သာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ပါတယ်။