ဂန့်ဂေါမှာ လက်နက်စုံသုံးတိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွား၊စစ်သား ၂၀ လောက်သေတယ်လို့ပြော

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်း တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်သား ၂၀ လောက်သေဆုံးခဲ့ကြောင်း သိရပါတယ်။
ဇွန် ၈ ရက်နေ့မနက်ပိုင်းမှာ ဂန့်ဂေါမြို့နယ်၊ ရဲလှရွာကနေမွှေ့လယ်ရွာဘက်လာတဲ့ အင်အား ၁၅၀ လောက်ရှိတဲ့ စစ်‌ကြောင်းကို ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက ပဒေသာမိုင်း၊ လက်နက်ကြီး/ငယ်၊ ဒရုန်းတို့နဲ့ တိုက်ခိုက်ခဲ့ရာ တစ်နာရီခွဲလောက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သားနဲ့ပျူစောထီး ၁၅ ဦးလောက် သေဆုံးကာ ဒဏ်ရာရသူတွေလည်းများကြောင်း Yaw Regional PDF’s Alliance (YRPA) က ဒီကနေ့ ထုတ်ပြန်ပါတယ်။
မွှေ့လယ်ရွာကနေ ရေရှင်ရွာဘက် ညနေ ၃ နာရီလောက်မှာ ပြည်လည်ထွက်ခွာလာတဲ့ အဲဒီစစ်ကြောင်းကို တော်လှန်ရေးအင်အားစုတွေက ထပ်မံတိုက်ခိုက်ခဲ့ရာ နောက်ထပ် ၅ ဦးလောက် သေဆုံးခဲ့ပြီး တော်လှန်ရေးရဲဘော်တွေတစ်ဦးမှ ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။