မကွေးတိုင်း၊ ဆောမြို့နယ်အတွင်း ရှိ ပြည်သူ့ရင်ခွင်ခိုလှုံခဲ့တဲ့ဝန်ထမ်းတချို့ ခံဝန်ကတိဖောက်ဖျက်နေကြကြောင်း သိရပါတယ်။
ခံဝန်ကတိနဲ့ ပြည်သူ့ရင်ခွင်ခိုလှုံခဲ့တဲ့ ဝန်ထမ်းတွေအနက် အခုအခါ ဆောမြို့နယ်ပြင်ပကိုသွားကာ စစ်အုပ်စု လုပ်ငန်းယန္တရားတွေမှာဆက်လက်ပါဝင်လုပ်ကိုင်နေသူတွေရဲ့စာရင်းကို ရရှိပြီးဖြစ်တယ်လို့ ဆောမြို့နယ်ပြည် သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ထုတ်ပြန်ပါတယ်။
ခံဝန်ဖောက်ဖျက်တဲ့ဝန်ထမ်းတွေနဲ့ပတ်သက်ပြီး ဘယ်လိုအရေးယူမလဲဆိုတာကို ဇွန်၆ရက်နေ့ကကျင်းပတဲ့ ဆောမြို့နယ်CDM ဦးဆောင်ကော်မတီအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
ဇွန်လ၉ရက်နေ့ကစပြီး ခံဝန်နဲ့ပြည်သူ့ရင်ခွင်ခိုလှုံခဲ့တဲ့ဝန်ထမ်းတွေအနေနဲ့ မြို့နယ်ပြင်ပကိုခရီးသွား မယ်ဆို ပါကသက်ဆိုင်ရာကျေးရွာ၊တိုက်နယ်နဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊တစ်ဖွဲ့ဖွဲ့ကိုအကြောင်းကြားပြီးမှသွားလာကြဖို့ ထုတ်ပြန်ပါတယ်။
ခံဝန်ဖောက်ဖျက်သူတွေကို ဆက်လက်စောင့်ကြည့်နေတယ်လို့လည်းဆိုပါတယ်။