စစ်ခေါင်းဆောင်တွေဟာ ဒစ်ဂျစ်တယ်နည်းနဲ့ပါ အာဏာရှင်ဖြစ်အောင်ကြိုးစားနေ

စစ်ခေါင်းဆောင်တွေဟာ ဒစ်ဂျစ်တယ်နည်းနဲ့ပါ အာဏာရှင်ဖြစ်အောင်ကြိုးစားနေတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်တွေကဝေဖန်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ အင်တာနက်သုံးစွဲမှုကို ကန့်သတ်၊ ဖြတ်တောက် ၊ဆင်ဆာလုပ်ခြင်းနဲ့ ထောက်လှမ်းတာတွေလုပ်နေတဲ့အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ တိတ်တိတ်မနေသင့်ဘူးလို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်တွေက ဇွန်လ ၇ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ရာမှာဖော်ပြထားပါတယ်။
စစ်တပ်ရဲ့ အဆက်မပြတ်တိုက်ခိုက်မှုတွေကြောင့် လုံခြုံတဲ့နေရာမှာ ပုန်းခိုဖို့လိုသူတွေေအပါအဝင် မြန်မာပြည်သူအမြောက်အမြားအတွက် အွန်လိုင်း ပေါ်ကအချက်အလက်တွေရနိုင်ဖို့ဟာ သေရေး ရှင်ရေးတမျှ အရေးကြီးနေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
စစ်တပ်ဟာ သူတို့ရဲ့ ရက်စက်တဲ့ လုပ်ရပ်တွေကိုဖုံးကွယ်ဖို့ အင်တာနက် ကန့်သတ်ချက်တွေလုပ်နေတာလို့လည်း ဆိုပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့ ကန့်သတ်မျုတွေကြောင့် မြန်မာပြည်သူတွေဟာ ဖေ့စ်ဘွတ်ခ်ကို VPN ခံပြီးသုံးနေရပါတယ်။စစ်တပ်က ထိုးစစ်ဆင်နေတဲ့နေရာတွေမှာ အင်တာနက်နဲ့ဖုန်းလိုင်းဖြတ်တောက်တာတွေ လုပ်ဆောင်နေပါတယ်။