စစ်အုပ်စု ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို အရေးယူနိုင်ရေး NUG ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်း

ပြည်သူအပေါ်ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ရာဇဝတ်မှုတွေကို ဥပဒေနဲ့အညီ အရေးယူအပြစ်ပေး နိုင်ဖို့ ပြည်သူ့ရဲတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ပါတယ်။
ပြည်သူတစ်ရပ်လုံး ယုံကြည် လက်ခံတဲ့ ရဲတပ်ဖွဲ့အဖြစ် စတင်အခြေပြုပုံဖော်ကာ ပြည်သူအတွက် တရားဥပဒေနဲ့အညီ ဝန်ဆောင်မှုပေးတဲ့ ရဲတပ်ဖွဲ့ဖြစ်စေဖို့ ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေနဲ့အညီပြည်သူ့ရဲတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း NUG အစိုးရယာယီသမ္မတက ဒီကနေ့ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်အုပ်စုရဲ့ ပြည်သူအပေါ် ကျူးလွန်တဲ့ အကြမ်းဖက်ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေးချိုးဖောက် မှုတွေနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေကို တရားဥပဒေနဲ့အညီ အရေးယူအပြစ်ပေးနိုင်ရေး၊ ကြားကာလ တရားဥပဒေစိုးမိုး‌ရေးကို ဖော်ဆောင်နိုင်ရေးနဲ့ ဒုစရိုက်မှုတွေနဲ့ တရားဥပဒေမဲ့ ပြုကျင့်သူတွေကို ပြည်သူနဲ့ ပူးပေါင်းတားဆီးရေးတို့အတွက် ပြည်သူ့ရဲတပ်ဖွဲ့ဖွဲ့စည်းခြင်း ဖြစ်ကြောင်းလည်းဆိုပါတယ်။