မြန်မာနိုင်ငံဒီမိုကရေစီ ပြန်လည်ရရှိရေးနဲ့ စစ်အုပ်စုကျူးလွန်ခဲ့တဲ့လုပ်ရပ်တွေအပေါ် တာဝန်ခံမှုရှိ စေရေးအတွက် အာဆီယံနိုင်ငံတချို့နဲ့ဆွေးနွေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရစ်ချိုးလက်ရဲ့ အရှေ့တောင်အာရှခရီးစဉ်ကို ဒီကနေ့စတင်လိုက်ပြီ ဖြစ်ပါတယ်။
ဒဲရစ်ချိုးလက်ဟာ ဇွန်လ ၇ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ထိုင်း၊ စင်ကာပူနဲ့ ဘရူနိုင်း နိုင်ငံတွေဆီ သွားရောက်မှာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒဲရစ်ချိုးလက် ထိုင်းနိုင်ငံရောက်တဲ့အခါ ထိုင်းအစိုးရအဆင့်မြင့်အရာရှိတွေနဲ့ တွေ့ဆုံကာ နှစ်နိုင်ငံကိစ္စ တွေဆွေးနွေးမျာဖြစ်သလို အရပ်ဖက်အဖွဲ့တွေနဲ့တွေ့ဆုံကာ မြန်မာပြည်သူတွေကို အမေရိကန်အစိုးရက ကူညီဖို့လုပ်နေတာတွေနဲ့ပတ်သက်ပြီး ဆွေးနွေးသွားမယ်လို့ VOA ကဖော်ပြပါတယ်။
ဘရူနိုင်းနိုင်ငံမှာ ဘရူနိုင်း နိုင်ငံခြား ရေးဝန်ကြီး ဧရာဝဏ် ယူဆွတ် အပါအဝင် တခြားအစိုးရနဲ့အရပ်ဘက် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးပါမယ်။
စင်ကာပူရောက်တဲ့အခါ စင်ကာပူအစိုးရအဆင့်မြင့်အရာရှိတွေပါတက်ရောက်မယ့် မြန်မာနိုင်ငံရဲ့ပဋိပက္ခနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲကိုတက်ရောက်မှာ ဖြစ်ပါတယ်။