ကျူးဘားနဲ့ ဗင်နီဇွဲလားကို အမေရိကထိပ်သီးညီလာခံကနေ ထုတ်ပယ်

Photo – Google

အိမ်ဖြူတော်က ကျူးဘား၊ ဗင်နီဇွဲလားနဲ့ နီကာရာဂွါနိုင်ငံတို့ကို အခုသီတင်းပတ်အတွင်း အမေရိကန်ကဦးဆောင်ကျင်းပမယ့် အမေရိကထိပ်သီးအစည်းအဝေးကနေ ဖယ်ထုတ်ကြောင်း ဇွန်လ ၆ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

အဲဒီလိုဖယ်ထုတ်လိုက်တာဟာ အနောက်ကမ္ဘာခြမ်းမှာရှိတဲ့ နိုင်ငံအားလုံးကို မဖိတ်ရင် အစည်းအဝေးပွဲကို မတက်ဘူးဆိုတဲ့ မက္ကဆီကို သမ္မတရဲ့ခြိမ်းခြောက်မှုအပေါ် တွန်းအားပေးလိုက်တာပါ။

ထိပ်သီးညီလာခံကို  သူ့အစား နိုင်ငံခြားရေးဝန်ကြီး Marcelo Ebrard တက်ရောက်မှာဖြစ်တယ်လို့ မက္ကဆီကို သမ္မတ Lopez Obrador က သတင်းထောက်တွေကို ပြောပါတယ်။

ကျူးဘား၊ ဗင်နီဇွဲလားနဲ့ နီကာရာဂွါနိုင်ငံတွေကို ညီလာခံမဖိတ်ရေးအတွက် ရက်သတ္တပတ်တွေအတွင်း အကြိတ်အနယ်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာပါ။  အဲဒီနောက် နိုင်ငံ၃နိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ဒီမိုကရေစီ ကင်းမဲ့မှုအပေါ် စိုးရိမ်တာတွေကြောင့် ဖယ်ထုတ်ရတာဖြစ်တယ်လို့ အမေရိကန်အကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။

“ဘိုင်ဒန် အစိုးရက မက္ကဆီကိုရဲ့ ရပ်တည်ချက်ကို နားလည်ပါတယ်၊ ဒါပေမယ့် ဒီထိပ်သီးအစည်းအဝေးရဲ့ အဓိကကျတဲ့ အချက်တစ်ချက်က ဒီမိုကရေစီ အုပ်ချုပ်ရေးဖြစ်ပါတယ်၊ ဒီနိုင်ငံတွေဟာ ဒီမိုကရေစီအတွက် စံနမူနာတွေ မဟုတ်ဘူး” လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Ned Price က ဆိုပါတယ်။

 ညီလာခံမတက်ဘူးဆိုတဲ့  မက္ကဆီကိုသမ္မတရဲ့ ခြိမ်းခြောက်မှုက သမ္မတဘိုင်ဒန်အတွက် ဦးစားပေးဖြစ်တဲ့ အမေရိကန်တောင်ပိုင်းနယ်စပ်မှာ ရွှေ့ပြောင်းနေထိုင်သူတွေကို တားဆီးရေး ထိပ်သီးဆွေးနွေးပွဲတွေနဲ့ ပတ်သတ်ပြီး မေးခွန်းထုတ်စရာဖြစ်လာပါတယ်။