ချောင်းဦး၊တပါယ်အင်းရွာ စစ်တပ်မီးရှို့လို့ ရွာလုံးကျွတ်နီးပါး လောင်ကျွမ်း

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်၊တပါယ်အင်းရွာကို အကြမ်းဖက်တပ်ကမီးရှို့ခဲ့ရာ ရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်းခဲ့တယ်လို့သိရပါတယ်။
ဇွန်လ ၅ရက်နေ့ ညနေ၃နာရီခွဲလောက်မှာ စစ်သား၄ယောက်နဲ့ ကံကြီးကုန်းနဲ့ ကင်မွန်းတော်ရွာတို့က ပျူစောထီးတွေက ပြည်သူ့နေအိမ်တွေကို မီးရှို့ဖျတ်ဆီးခဲ့ကြောင်း မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြား ရေးကထုတ်ပြန်ပါတယ်။
အိမ်​ခြေ၇၀ ကျော်ရှိ တဲ့ တပါယ်အင်းရွာမှာ နေအိမ်၄လုံးသာမီးမလောင်ဘဲ ကျန်တော့ ကြောင်း သိရပါတယ်။
တပါယ်အင်းရွာဘက်စစ်တပ်နဲ့ပျူစောထီး အလာကို စောင့်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့ ဒေသခံPDFရဲဘော်တစ်ဦး ဗိုက်ကျည်ထိမှန်ကာ ကျဆုံးသွားကြောင်း ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရသိရကြောင်းလည်း မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြား ရေးကထုတ်ပြန်ပါတယ်။
ပုံစာ-မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေး