အကြမ်းဖက်မှုကို အံတုနေတဲ့ မြန်မာတွေအပေါ်လေးစားစွာနဲ့ ပြင်သစ်ဆက်လက် ထောက်ခံမယ်

PHOTO-လောင်းလုံမြို့နယ်လုံးဆိုင်ရာအခြေခံပညာကျောင်းသားများသမဂ္ဂ
တရားမ၀င် စစ်အုပ်စုရဲ့ အကြမ်းဖက်ဝါဒကို သတ္တိရှိရှိရင်ဆိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကို ပြင်သစ်အနေနဲ့ လေးစားစွာနဲ့ ဆက်လက် ထောက်ခံသွားမယ်လို့ ဆိုပါတယ်။
ကိုဂျင်မီလို့ လူသိများတဲ့စာရေးဆရာ ကျော်မင်းယု၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဖြိုးဇေယျာသော်တို့ အပါအဝင် လူလေးဦးကို စစ်အုပ်စုကကွပ်မျက်ဖို့ဆုံးဖြတ်ကြောင်း ကြေညာခဲ့ခြင်းနဲ့ပတ်သက်ပြီး ပြင်သစ်နိုင်ငံ အနေနဲ့ ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ထုတ်ပြန်ရာမှာ အဲဒီလိုဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့၊ အာဏာသိမ်းပြီးနောက် စစ်ခုံရုံးတွေက သေဒဏ် ၁၁၃ မှုကို နိုင်ထက်စီးနင်း ချမှတ်ခဲ့ကြောင်းပြင်သစ်နိုင်ငံဟာ နေရာတိုင်းနဲ့ အခြေအနေအရပ်ရပ်မှာ အဆက်မပြတ် သေဒဏ်ကို ဆန့်ကျင်ကြောင်း ထပ်လောင်း အတည်ပြုတယ်လို့ မြန်မာနိုင်ငံဆိုင်ရာပြင်သစ်သံရုံးကထုတ်ပြန်ပါ တယ်။
စစ်အုပ်စုကကွပ်မျက်ဖို့ဆုံးဖြတ်ကြောင်း ကြေညာခဲ့ခြင်းဟာရက်စက်ကြမ်းကြုတ်တဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်ပြီး လွတ်လပ်မှုကို ခုခံကာကွယ်သူတွေအပေါ် နောက်တစ်ကြိမ် ထပ်မံ ပစ်မှတ်ထားဖို့ ရည်ရွယ်ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံအတွင်း သေဒဏ်ပေးမှုနဲ့ပတ်သက်ပြီး အနှစ်သုံးဆယ်ကျော်ဆိုင်းငံ့ထားမှုကို ဖောက်ဖျက်ခြင်းဟာ ကြီးမားတဲ့ဆုတ်ယုတ်မှုတစ်ခုဖြစ်တယ်လို့လည်းဆိုပါတယ်။
နိုင်ထက်စီးနင်း ဖမ်းဆီးထားသူ အားလုံးကို ပြန်လွှတ်ပေးဖို့၊ စစ်တပ်ကကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့နဲ့ သက်ဆိုင်သူအားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်တွေ ဖော်ဆောင်ဖို့ ပြင်သစ်နိုင်ငံက ထပ်လောင်းတောင်းဆို ကြောင်းလည်းထုတ်ပြန်ပါတယ်။
ပုံစာ-ဇွန်၃ရက်နေ့ လောင်းလုံမှာဆန္ဒပြ