မကွေးတိုင်း၊ ကမ္မမြို့နယ်၊ ကျက်ထိုးနယ်မြေ ရဲကင်းစခန်းက ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်း အပြည့်အစုံနဲ့ CDM ဝင်ရောက်လာတယ်လို့ မြိုင်မြို့နယ် ကျေးရွာများ တော်လှန်ရေး တပ်ဦး – MVRF ထံ CDM ဝင်ရောက်လာတယ်လို့ သိရပါတယ်။
ကျက်ထိုး ရဲကင်းစခန်းက ရဲတပ်သား ကိုဖြိုးမင်းအောင်ဟာ ဇွန် ၃ ရက်နေ့က G3 အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၁၀၉ တောင့်နဲ့ အလင်းဝင်လာကြောင်း MVRF က ထုတ်ပြန်ပါတယ်။
ပြည်သူ့ ရဲတပ်သား ဖြိုးမင်းအောင်ကို မြိုင်မြို့နယ်ကျေးရွာများ တော်လှန်ရေးတပ်ဦး – MVRF က ငွေကျပ်သိန်းတစ်ရာ ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့လည်း ဆိုပါတယ်။