ယူကရိန်းကို အဆင့်မြင့် ဒုံးပျံတွေပံ့ပိုးဖို့  အမေရိကန် သဘောတူ

Photo- Reuters

စစ်ပွဲအဆုံးသတ်စေ့စပ်ညှိနှိုင်းဖို့ မော်စကိုကိုတွန်းအားပေးတဲ့အနေနဲ့ ယူကရိန်းနိုင်ငံကို အဆင့်မြင့် ဒုံးပျံတွေ ပံ့ပိုးပေးမယ်လို့ အမေရိကန်က ပြောတာကြောင့် ရုရှားတပ်ဖွဲ့တွေဟာ အရှေ့ပိုင်းစက်မှုမြို့Sievierodonetsk ကို အပြည့်အဝထိန်းချုပ်ဖို့ ဗုဒ္ဓဟူးနေ့မှာ တိုက်ခိုက်ခဲ့ပါတယ်။

“ယူကရိန်းကို အမေရိကန်က ပိုအဆင့်မြင့်တဲ့ ဒုံးပျံစနစ်နဲ့ ခဲယမ်းမီးကျောက်တွေ ထောက်ပံ့ပေးမယ်” လို့ သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။ အဲဒီလက်နက်တွေဟာ စစ်မြေပြင်အဓိကပစ်မှတ်တွေကို ပိုမိုတိကျစွာ တိုက်ခိုက်နိုင်တယ်လို့ သိရပါတယ်။

“စစ်မြေပြင်မှာ တိုက်ခိုက်နိုင်ပြီး စေ့စပ်ညှိနှိုင်းရေးစားပွဲမှာ အထိရောက်ဆုံးအနေအထားမှာ ရှိနေစေဖို့အတွက် ယူကရိန်းကို လက်နက်ခဲယမ်းမီးကျောက် အများအပြား ပေးပို့ဖို့ မြန်မြန်ဆန်ဆန် ဆောင်ရွက်နေပါတယ်” လို့ နယူးယောက်တိုင်းမ် သတင်းစာမှာ ဖော်ပြထားပါတယ်။

လက်နက်တွေမှာ  M142 High Mobility Artillery Rocket System (HIMARS) ပါဝင်မှာ ဖြစ်တယ်လို့ Biden ရဲ့ အကြီးတန်းအုပ်ချုပ်ရေး အရာရှိတစ်ဦးက ပြောပါတယ်။

“ယူကရိန်းပိုင်နက်အတွင်း ရုရှား တိုးတက်မှုကို ချေမှုန်းဖို့ ဒီစနစ်တွေကို ယူကရိန်းက အသုံးပြုသွားမှာပါ၊ ဒါပေမယ့် ရုရှားပိုင်နက်မှာရှိတဲ့ ပစ်မှတ်တွေကိုတော့ အသုံးပြုမှာမဟုတ်ပါဘူး” လို့အမေရိကန် အရာရှိက သတင်းထောက်တွေကို ပြောပါတယ်။

အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ကို ကြေညာပြီး မကြာမီမှာ ရုရှားရဲ့ နျူကလီးယားတပ်ဖွဲ့တွေဟာ မော်စကိုအရှေ့မြောက်ဘက် အိုင်ဗန်နိုဗိုပြည်နယ်မှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။