မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဘရာဇီးနိုင်ငံအရှေ့မြောက်ပိုင်းရှိ မြို့ပြရပ်ကွက်တွေမှာ ရွှံ့မြေပြိုမှုတွေနဲ့ ကြီးကြီးမားမား ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် လူပေါင်း ၁၀၀ ကျော် ပျောက်ဆုံးနေပြီး သေဆုံးတာတွေရှိတယ် လို့ ဘရာဇီးအစိုးရက မေလ ၂၉ရက်မှာ အတည်ပြုပြောခဲ့ပါတယ်။
“တနင်္ဂနွေနေ့မွန်းလွဲပိုင်းအထိ အရှေ့မြောက်ပိုင်း ပါနမ်ဘူကို ပြည်နယ်မှာလူ ၅၆ ဦး သေဆုံးခဲ့ပြီး အိမ်နီးချင်း အာလာဂိုးရက်စ် ပြည်နယ်မှာ တစ်ဦးသေဆုံးခဲ့တယ်” လို့ အရေးပေါ်စီမံခန့်ခွဲရေးတာဝန်ခံ ဗဟိုအရပ်ဘက်က ာကွယ်ရေး ဌာနက တွစ်တာ မှာ တင်ထားတဲ့သတင်းစကားအရ သိရပါတယ်။
အဲဒီပြည်နယ်နှစ်ခုကြားမှာ လူပေါင်း ၆ ထောင်ကျော်ဟာ အစိုးရသတ်မှတ်ထားတဲ့ အကူအညီပေးရေးနေရာတွေ ကိုရောက်ရှိခဲ့ကြပြီး ၇ ထောင်ကျော်ကတော့ သူငယ်ချင်း,ဆွေမျိုးတွေနဲ့အတူ တည်းခိုနေကြတယ်” လို ဖက်ဒရယ်အရပ်ဘက်ကာကွယ်ရေးဌာနက ပြောပါတယ်။
ဒါဟာ ငါးလတာအတွင်း လေးကြိမ်မြောက် ရေကြီးရေလျှံမှု ဖြစ်ပြီး ဘရာဇီးနိုင်ငံတစ်ဝှမ်း ဝင်ငွေနည်း ရပ်ကွက်တွေမှာ မြို့ပြစီမံကိန်းမရှိတာကို မီးမောင်းထိုးပြနေတာပဲဖြစ်ပါတယ်။ အဲဒီပြိုကျလွယ်တဲ့ တောင်စောင်းတွေပေါ်မှာ ရှန်းတီးမြို့တွေကို မကြာခဏ ဆောက်လေ့ရှိတယ်လို့ ဆိုပါတယ်။
“တနင်္လာနေ့နံနက်မှာ ပါနမ်ဘူကို မြို့တော် ရီစစ်ကို ရောက်ပါမယ်၊ ကျွန်တော်တို့အစိုးရဟာ အစကတည်းက လက်နက်ကိုင်တပ်ဖွဲ့တွေအပါအဝင် ထိခိုက်နစ်နာခဲ့ရတဲ့သူတွေအားလုံးကို ကူညီဖို့ နည်းလမ်းပေါင်းစုံ ရှိနေပါပြီ” လို့ ဘရာဇီးသမ္မတ Jair Bolsonaro က တွစ်တာပို့စ်မှာ ရေးသားထားပါတယ်။
ဘရာဇီးဟာ ဇန်နဝါရီလနှောင်းပိုင်းမှာ အရှေ့တောင်ပိုင်း ဆောပိုလို ပြည်နယ် ရေကြီးမှုကြောင့် အနည်းဆုံး လူ ၁၈ ဦး သေဆုံးခဲ့ပြီး ဖေဖော်ဝါရီလအတွင်း ရီယိုဒီဂျနေရိုး ပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၂၃၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။