အိန္ဒိယ-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေး ဝဏ္ဏမောင်လွင် တက်ခွင့်ရနိုင်ခြေမရှိ

ဒီလလယ်ကျင်းပမယ့် အိန္ဒိယ-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့အစည်းအဝေးမှာစစ်အုပ်စုခန့် ဝဏ္ဏမောင်လွင် တက်ရောက်ခွင့်ရနိုင်ခြေမရှိဘူးလို့ သိရပါတယ်။
အိန္ဒိယ အရာရှိတွေနဲ့ သံတမန် ရပ်ကွက်တွေရဲ့ အဆိုအရ အာဆီယံက လက်ရှိ ခံယူထားတဲ့ အတိုင်း နိုင်ငံရေး နဲ့ မပတ်သက်တဲ့ သူကိုသာ ဖိတ်ကြားဖို့ ဆုံးဖြတ်တဲ့အတွက် အိန္ဒိယ ပြည်ပရေးရာ ဌာနက စစ်အုပ်စုခန့် နိုင်ငံခြားရေး ဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ချမ်းအေး ဆိုသူထံ ဖိတ်စာပေးပို့လိုက်ကြောင်း သတင်းတွေကဆိုပါတယ်။
ဇွန်လ ၁၅ ရက်မှာ အိန္ဒိယ- အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဇွန်လ ၁၆ ရက် နဲ့ ၁၇ ရက်နေ့တို့ မှာ နိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးတွေကျင်းပပါမယ်။