မင်းအောင်လှိုင် မတရားသိမ်းထားတဲ့ ၁၄/အင်းလျား အစုရှယ်ယာ ဒေါ်လာတစ်သောင်းဖိုးအထက် ဝယ်ယူခဲ့သူ အယောက် ၂၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။
၁၄/အင်းလျား အစုရှယ်ယာဝယ်ယူသူလူ ၉၀၀၀ ဝန်းကျင်ရှိပြီး အများဆုံးဝယ်ယူသူဟာ ရှယ်ယာအစောင် ၂၀၀၀ ဝယ်ယူခဲ့ကြောင်း The End of Dictatorship က ထုတ်ပြန်ပါတယ်။
အဲဒီအိမ်နဲ့ခြံ ရောင်းချခဲ့တဲ့ သုံးပတ်မြောက်မှာ ကန်ဒေါ်လာ ၆ သန်းဖိုး ရောင်းချပြီးပြီဖြစ်ပါတယ်။
မေလ ၅ ရက်နေ့မှာ အရောင်းစတင်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၀ သန်းတန်ဖိုးဖြတ်ကာ အစုရှယ်ယာ တစ်သိန်းရောင်းချနေခြင်း ဖြစ်ပါတယ်။