ရေစကြိုမှာ စစ်အုပ်စုကားတစ်စီး မိုင်းထိမှန်ပြီး ၂ ဦးသေ

မကွေးတိုင်း ရေစကြိုမြို့နယ် ဇီးကုန်းကျေးရွာနဲ့ ဆင်ချောင်းကျေးရွာအကြားမှာ စစ်အုပ်စုရဲ့ ကားတစ်စီး မိုင်းထိမှန်ပြီး ၂ ဦးသေဆုံးခဲ့တယ်လို့ ရေစကြို PDF က သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ မေလ ၂၈ ရက်နေ့ မနက် ၉ နာရီ ၃၀ မိနစ်ခန့်မှာ ဇီးကုန်းကျေးရွာနဲ့ ဆင်ချောင်းကျေးရွာကြားကို ရောက်ရှိလာတဲ့ စစ်အုပ်စုရဲ့ မော်တော်ယာဉ်ကို လယ်ကြီးတံတားအနီးမှာ ရေစကြို PDF က မိုင်း ၂ လုံးဆွဲကာ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုအပြီးမှာ ရေစကြို PDF က ထိခိုက်သူမရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ပြီး ပြည်သူတွေအနေနဲ့ စစ်အုပ်စုနဲ့ အနီးအနားကို မသွားရောက်ဖို့နဲ့ သူတို့ရဲ့ မော်တော်ယာဉ်တွေနဲ့ ကပ်မလိုက်ဖို့အတွက် မေတ္တာရပ်ခံခဲ့ပါတယ်။