၇လအတွင်း စစ်အုပ်စုဝင်၇၀ကျော်ကို ရှင်းလင်းနိုင်ခဲ့

၇လတာကာလအတွင်း စစ်အုပ်စုဝင် ၇၀ကျော်ကို ရှင်းလင်းနိုင်ခဲ့တယ်လို့ သပြေညိုပြောက်ကျားတပ်ဖွဲ့က ဆိုပါတယ်။
၂၀၂၁ နိုဝင်ဘာကစပြီး ၂၀၂၂ခုနှစ် မေလအထိ ၇လ အတွင်း လက်နက်ကြီး(၄ဝမမ,၆ဝမမ,ရှော့ဒုံး)နဲ့ ပစ်ခတ်ခြင်း၊ လက်နက်ငယ်နဲ့ ပြောက်ကျားတိုက်ခိုက်ခြင်း၊ ထိတွေ့တိုက်ပွဲ နဲ့ မိုင်းဆွဲတိုက်ခိုက်မှုတော်တော်များများကို ဆင်နွှဲခဲ့ပြီးအကြမ်းဖက်စစ်သား၊ရဲနဲ့ပျူစောထီး စုစုပေါင်း ၇ဝကျော်ကို ရှင်းလင်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သပြေညိုပြောက်ကျားတပ်ဖွဲ့ ကထုတ်ပြန်ပါတယ်။
‘Gunအစစ်ရှိမှ တိုက်မယ်ဆိုတဲ့အထဲ အညာသားတွေမပါဘူး။ သပြေညိုမပါဘူး။
မောင်းပြန်ကိုလူတိုင်းကိုင်ချင်ပေမဲ့ ရောက်မလာခင်မှာ ရှိတာလေးနဲ့လှအောင်ဝတ်ရမယ်။ သုညကနေစခဲ့တာမို့ တူမီးလေးလက်ထဲထည့်ပေးထားလည်း အသေခံတိုက်ရဲတဲ့အထိ ၅/တွေရဲ့ သွေးဟာ ရဲတယ်’လို့ သပြေညိုပြောက်ကျားတပ်ဖွဲ့ကဆိုပါတယ်။
သပြေညိုပြောက်ကျားတပ်ဖွဲ့ဟာ မုံရွာနဲ့အရာတော်တို့မှာ အခြေစိုက်ထားတဲ့ မုံရွာခရိုင်တပ်ရင်း (၄) – တပ်ခွဲ(၁) ဖြစ်ပါတယ်။