NUGဝန်ကြီး နဲ့ UKအစိုးရ အာရှရေးရာဝန်ကြီး လန်ဒန်မှာ မြန်မာ့အရေးဆွေးနွေ

PHOTO-Zaw Wai Soe Facebook
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနဲ့ပညာရေးဝန်ကြီးဌာန ဝန်ကြီး ၊ပါမောက္ခ ဒေါက်တာဇော်ဝေစိုးနဲ့ ယူနိုက်တက်ကင်းဒမ်း (United Kingdom – UK) နိုင်ငံ၊ အာရှနှင့် အရှေ့အလယ်ပိုင်းဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီး the Rt Hon Amanda Milling တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
မေလ၂၅ရက်နေ့ညနေပိုင်းမှာ UK နိုင်ငံ၊ လန်ဒန်မြို့တော်ရှိ နိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးရေးဝန်ကြီးဌာနရုံး မှာ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်းဒေါက်တာဇော်ဝေစိုးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဒီကနေ့ထုတ်ပြန် ပါတယ်။
လက်ရှိ မြန်မာနိုင်ငံတော်လှန်ရေး၊ မြန်မာနိုင်ငံကို လူသားချင်းစာနာမှု အကူအညီပေးရေး၊ ငြိမ်းချမ်းမှုနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် မြန်မာနိုင်ငံ ပြန်လည်ရောက်ရှိရေးအတွက် နှစ်နိုင်ငံ အတူတကွ ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။
မြန်မာနိုင်ငံအပေါ် UK နိုင်ငံရဲ့ အကူအညီပေးမှုအပေါ် အထူးကျေးဇူးတင်ရှိကြောင်း ဒေါက်တာဇော်ဝေစိုးက ပြောကြားခဲ့ပါတယ်။