ဝက်တိုးကျေးရွာအနီး တိုက်ပွဲအတွင်း စစ်အုပ်စုက ၁ဦးသေ

တနင်္သာရီတိုင်း ပုလောမြို့နယ် ဝက်တိုးကျေးရွာအနီး အကြမ်းဖက်စစ်အုပ်စုနဲ့ ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော်(PPDF)၊ မဟာမိတ်တပ်ပေါင်းစုတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက ၁ဦး သေဆုံးခဲ့တယ်လို့ PPDFက သတင်းထုတ်ပြန်လာခဲ့ပါတယ်။

ဒီကနေ့ မေလ ၂၆ရက်နေ့ မနက် ၉နာရီခန့်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်အုပ်စုရဲ့ အမှတ် ၂၈၅တပ်ရင်းက လက်နက်ကြီးတွေနဲ့ပါ အဆက်မပြတ် ပစ်ကူခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်းမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ကတော့ ထိခိုက်သူတွေ မရှိခဲ့ပါဘူး။