မုံရွာစစ်ရေးပစ်မှတ်နှစ်ခုကို လက်ပစ်ဗုံးနဲ့တိုက်ခိုက်၊သေဆုံးထိခိုက်မှုရှိ

စစ်ကိုင်းတိုင်း၊မုံရွာမြို့ပေါ်ရှိ စစ်ဆင်ရေးပစ်မှတ်နှစ်ခုကို ဒီကနေ့ ၊နေ့ခင်းပိုင်းက လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်မှုရှိတယ်လို့ သိရပါတယ်။
ဒီနေ့၊နေ့ခင်း ၁၂နာရီလောက်မှာ ပြည်ထောင်စုလမ်း၊ ကားလေးကွင်းတောင်ဘက် ရှိ စစ်အုပ်စုထောက်တိုင် ဒလန်တစ်ဦးလို့ဆိုသူရဲ့နေအိမ်ကို လက်ပစ်ဗုံးတစ်လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ Department of Information-DRPA က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ထန်းတောကျွန်းဆွယ် ၊ထောက်လှမ်းရေပြုတ် မြင့်ကျော်အိမ်မှာ တပ်စွဲထားတဲ့စစ်တပ်ကို
၁၂နာရီ၉မိနစ်မှာ လက်ပစ်ဗုံးတစ်လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းထုတ်ပြန်ပါတယ်။
‘မြင့်ကျော်အိမ်ကို ဗုံးပစ်ထည့်တာ အထဲက စစ်ခွေးတွေ သေတယ်လို့ပြောကြတယ်။ဒဏ်ရာရသူတွေလည်း ရှိ တယ်။အတိအကျတော့မသိဘူး’လို့ မုံရွာမြို့ ထန်းတောရပ်ကွက်နေ ပြည်သူတစ်ဦးကပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို DRPA မြို့ပြပြောက်ကျားရဲဘော်တွေနဲ့ ညီနောင်မဟာမိတ် M.A.C.T ထောက်ပို့တပ်တို့ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီးတိုက်ပွဲဝင်ရဲဘော်တွေကတော့ အထိအခိုက်လုံးဝမရှိပါဘူး။