စစ်ကိုင်းတိုင်း၊ တမူးခရိုင်အတွင်း စစ်အုပ်စုကျောထောက်နောက်ခံပြုကာ နယ်စပ်ဖြတ်ကျော် မှောင်ခိုလုပ်ငန်း လုပ်ကိုင်နေသူတွေကို အရေးယူတော့မယ်လို့ PDF (တမူး) တပ်ရင်း ၃ က ထုတ်ပြန်ပါတယ်။
တမူးခရိုင်အတွင်း တရားမဝင်နယ်စပ်ဖြတ်ကျော်ကာ မှောင်ခိုပစ္စည်း၊ ရွှေမှောင်ခို၊ မူးယစ်ဆေးဝါးနဲ့ သစ်မှောင်ခို တို့ပြုလုပ်နေကြောင်း သိရှိရတယ်လို့ ဆိုပါတယ်။
မှောင်ခိုလုပ်ငန်း လုပ်ကိုင်နေကြသူတွေဟာ အိမ်စီးကား၊ကုန်တင်ကားကြီး၊ ခရီးသည်တင်ကားကြီးနဲ့ လိုင်စင်မဲ့ကားတွေ အသုံးပြုပြီး လုပ်ကိုင်နေကြတယ်လို့ ထုတ်ပြန်ပါတယ်။
မှောင်ခိုပစ္စည်းတွေကို စစ်ဆေးတွေ့ရှိပါက မှောင်ခိုပစ္စည်းနဲ့ လိုင်စင်မဲ့ကားတွေကို သိမ်းဆည်း အရေးယူသွားမယ်လို့ သိရပါတယ်။
PDF (တမူး) တပ်ရင်း ၃ အနေနဲ့ မှောင်ခိုလုပ်ငန်းတွေမလုပ်ဖို့ ၂၀၂၂ ခုနှစ် ဇန်နဝါရီမှာ ၂ ကြိမ်နဲ့ ဧပြီလမှာ တစ်ကြိမ် ထုတ်ပြန်ခဲ့ပေမဲ့ လိုက်နာမှု အားနည်းနေတယ်လို့ ဆိုပါတယ်။