စစ်ကိုင်းတိုင်း ကသာမြို့ကနေ ဆန်တက်လာတဲ့ စစ်အုပ်စုရဲ့ ရိက္ခာတင် သင်္ဘော၃စီးကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ရှော့တိုက်ဒုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြို့လှ PDFက သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ မေလ ၂၅ရက်နေ့ နေ့လည်ပိုင်းမှာ ကသာမြို့ကနေ ထွက်ခွာလာတဲ့ စစ်အုပ်စုရဲ့ ရိက္ခာတင်သင်္ဘော ၃စီးကို မွန်းလွဲ ၂နာရီ၃၀မိနစ်ခန့်မှာ ကသာ-အထက်ဘက် ဝဲကြီးရွာနဲ့ သံပုရာကုန်းကျေးရွာအကြားမှာ ဗိုလ်သာလိကာ ဦးဆောင်တဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့က ရှော့တိုက်ဒုန်း ၂လုံး၊ H 22မိုင်တဲမမ လက်လုပ်ရှေ့ထွက်မိုင်း ၇လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက ရေယာဉ်ပေါ်ကနေ ရမ်းသန်းပြန်လည်ပစ်ခတ်ခဲ့ပြီး ကျေးရွာအနီးကိုလည်း လက်နက်ကြီးကျည်အချို့ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
စစ်အုပ်စုရဲ့ သင်္ဘော ၃စီးအနက် တစ်စီးဟာ လက်နက်ကြီးထိမှန်တာကြောင့် စက်ချို့ယွင်းသွားပြီး ကျန်သင်္ဘောတွေနဲ့ တွဲကာ မိုးတားလေးဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတယ်လို့ သိရပါတယ်။