မြောက်ဒဂုံမြို့နယ် (၄၅) ရပ်ကွက်အုပ်ကြီး ရှင်းလင်းခံရ

ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ် အမှတ် ၄၅ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းကို အမည်မသိ အဖွဲ့တစ်ခုက သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မေလ ၂၄ ရက်နေ့ မနက် ၁၁ နာရီခန့်မှာ ၄၅ ရပ်ကွက် ဓမ္မစေတီလမ်းမှာရှိတဲ့ အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းရဲ့ နေအိမ်ကို အမည်မသိအဖွဲ့က ရောက်ရှိလာပြီး သေနတ်နဲ့ ၅ ချက်ဆင့်ပစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ဧည့်စာရင်းတိုင်တာမှာ တစ်ခါတိုင်ရင် ၅ ထောင်တောင်းနေတဲ့သူ၊ အခုလဲ ဧည့်စာရင်းတိုင်မယ်ဆိုပြီးတော့ ရောက်လာတော့ ၅ ထောင်ရပြီဆိုပြီး တံခါးဖွင့်ပေးလိုက်တာ ပစ်ချသွားတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပစ်ခတ်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ သီးခြား သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။