စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ မုံရွာ-မန္တလေးလမ်းမကြီးအပါအဝင်၊ စစ်ကိုင်း-မြင်းမူ-ချောင်းဦး-မုံရွာ လမ်းမကြီး၊ ထီးဆောင်း-အရာတော် လမ်းမကြီး၊ အလ္လကပ္ပ-တောချောင်းဦး လမ်းပိုင်းတွေကို အရေးပေါ်ပိတ်ထားမယ်လို့ Myinmu Defence Force က သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ မေလ ၂၄ ရက်နေ့ မနက် ၁၀ နာရီမှ စတင်ကာ သတ်မှတ်ထားတဲ့ အိမ်စီးကား၊ ကုန်ကား၊ ဆိုင်ကယ်အပါအဝင် မည်သည့်ယာဉ်ကိုမှ ဖြတ်သန်းသွားတာတွေ မလုပ်ဆောင်ဖို့ Myinmu Defence Force သတိပေးထားပါတယ်။
စစ်ကိုင်းတိုင်းအတွင်း မြို့နယ်အများစုကို စစ်အုပ်စုက အင်တာနက်တွေ ဖြတ်တောက်ထားတဲ့အပြင် ဖုန်းလိုင်းဆက်သွယ်ရေးတွေကိုပါ ဖြတ်တောက်ထားပြီး စစ်ရေးအရှိန်မြှင့်တင်ဖို့ လုပ်ဆောင်နေတယ်လို့ ဒီကနေ့ မနက်ပိုင်းအထိ ရရှိထားတဲ့ သတင်းတွေအရ သိရှိထားရပါတယ်။