ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ သမ္မတရုံးညွန်ကြားရေးမှုးချုပ်အဖြစ်တာဝန်ယူခဲ့သူ ဦးဇော်ဌေးဟာ ဒီနေ့ မနက်ပိုင်းမှာပဲ နှလုံးရပ်ပြီး ရုတ်တရက်သေဆုံးခဲ့ပြီလို့ နီးစပ်သူတဦးက DNA ကိုပြောပါတယ် ။
“ဒီမနက် မိုးလင်းမှ နှလုံးရပ်ပြီး သေဆုံးနေတာ တွေ့ရတာ ၊ အာဏာသိမ်းပြီး နောက်ပိုင်းမှာ အရက်နဲ့ ကော်ဖီ ၊ ဆေးလိပ်တွေ အရမ်းသောက်တာ ၊ အခုက နေပြည်တော်က သူ့အိမ်မှာ တယောက်ထဲ နေနေတာ ၊ မနက်မိုးလင်းတော့ နှလုံးရပ်ပြီး သေနေတာတွေ့တာ” လို့ ပြောပါတယ်။
ဦးဇော်ဌေးဟာ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက်ပိုင်းမှာ သူ့ကို ဖမ်းဆီးထောင်ချတာ မရှိပေမယ့် သမ္မတရုံးမှာ ဆက်လက်တာဝန်မပေးတော့ပဲ နေအိမ်မှာ စောင့်ကြည့်အနေအထားနဲ့ ဆက်လက်နေထိုင်ခဲ့ရတယ်လို့လည်း သိရပါတယ် ။
သူဟာ သေဆုံးချိန်မှာ အသက် ၄၉ နှစ်ရှိပြီလို့ သိရပါတယ်။