ရုရှားဘက်က ဆက်လက်တိုက်ခိုက်နေတာကြောင့် ယူကရိန်းက အပစ်အခတ်ရပ်စဲရေး ပယ်ချ

Photo – Reuters

ရုရှားဟာ ယူကရိန်းရဲ့ ဒွန်ဘက်စ် နဲ့မာလ်ကိုလိုင်ဗ် ဒေသတွေကို လေကြောင်း၊ အမြောက်တပ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ အဲ့ဒီလို နိုင်ငံရဲ့အရှေ့နဲ့တောင်ဘက်မှာ တိုက်ခိုက်မှု အရှိန်မြှင့်လာတာကြောင့် ယူကရိန်းဟာ မော်စကို ကို အပစ်အခတ်ရပ်စဲရေး ဒါမှမဟုတ် နယ်မြေလိုက်လျောမှုတွေကို ပယ်ချခဲ့ပါတယ်။

“စစ်ပွဲဟာ ယူကရိန်းရဲ့ နယ်မြေစိုးမိုးရေးနဲ့အချုပ်အခြာအာဏာကို အပြည့်အဝ ပြန်လည်ထူထောင်ရေးနဲ့ အဆုံးသတ်ရမှာပဲ” လို့ ယူကရိန်းသမ္မတရုံး အကြီးအကဲ Andriy Yermak က မေလ ၂၂ရက်နေ့က သူ့ရဲ့တွစ်တာအကောင့်မှာ ရေးသားခဲ့ပါတယ်။

အခုသီတင်းပတ်အတွင်းမှာ ရုရှားဟာ စစ်ရေးအရ ဆုတ်ယုတ်မှုတွေ ကြုံနေရတာကြောင့် မကြာသေးမီ ရက်တွေအတွင်း  ယူကရိန်းရဲ့ ရပ်တည်ချက်ဟာ အလျှော့မပေးဘဲ တိုးလာခဲ့တာပါ။

ရုရှားနိုင်ငံဟာ မဟာဗျူဟာကျတဲ့ အရှေ့တောင်ဘက် ဆိပ်ကမ်း မာရီပိုလ်မြို့ကို အဆုံးသတ်ပြီးနောက် ဒွန်ဘက်စ် ရှိ ပြည်နယ်နှစ်ခုအနက် တစ်ခုဖြစ်တဲ့ လူးဟန့်ခ် မှာ အဓိကထိုးစစ် ဆင်နွှဲနေတာပါ။

“စစ်ပွဲရဲ့ အရှေ့ဘက်ခြမ်းမှာ ယူကရိန်းနိုင်ငံသား ၅၀ ကနေ ၁၀၀ ကြား နေ့စဉ်သေဆုံးနေတယ်”လို့ ယူကရိန်းသမ္မတ Zelinskiy က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။