ကသာမှာ ဒီနေ့မနက် အကြမ်းဖက်စစ်တပ်မိုင်းဆွဲခံရ၊ စစ်သား ၃၀လောက်သေ

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ကပ်ပလိပ်ရွာဘက်လာတဲ့ အကြမ်းဖက်စစ်တပ်ကို ရှေ့ထွက်မိုင်းနှစ်လုံးနဲ့ တိုက် ခိုက်ခဲ့ရာ စစ်သား၃၀လောက်သေဆုံးခဲ့ကြောင်းသိရပါတယ်။
ဒီနေ့မနက် ၅နာရီ၁၅မိနစ်လောက်မှာ ကသာမြို့နယ်၊ပေကုန်းကနေ ကပ်ပလိပ်ရွာကို လာတဲ့ အင်အား၁၅၀ လောက်ရှိတဲ့ စစ်ကြောင်းကို ကသာမြို့နယ်ပကဖနဲ့ ABSDF ပူးပေါင်းတပ်တို့က မိုင်းဆွဲခဲ့ခြင်းဖြစ်ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ မိုင်းဆွဲခံရပြီးနောက် စစ်ကြောင်းရပ်နေတယ်လို့ ကသာပကဖ ကထုတ်ပြန်ပါတယ်။
မေလ၁၉ရက်နေ့ကလည်း ထီးချိုင့်မြို့နယ်၊ ကြက်တစ်ကောင်နဲ့ သပြေသာကြားမှာ ကသာခရိုင်PDFတပ်ရင်း၃နဲ့ ကသာနဲ့ထီးချိုင့် ပကဖတွေက အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ခဲ့ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ အခုရက်ပိုင်းမှာ ကသာမြို့နယ်အတွင်း အင်အားခပ်များများနဲ့စစ်ကြောင်း ထိုးနေပါတယ်။