အမေရိကန်နိုင်ငံ ချီကာဂိုမြို့က fast food စားသောက်ဆိုင်တခု အပြင်ဘက်မှာ လူငယ်အုပ်စုနှစ်စုကြား ခိုက်ရန်ဖြစ်ပွားပြီးနောက် အနည်းဆုံး လူ နှစ်ဦးသေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက မေလ၂၀ရက်နေ့မှာ ပြောပါတယ်။
McDonald’s ဆိုင်အပြင်ဘက်မှာ ပစ်ခတ်မှုဖြစ်ခဲ့တာဖြစ်ပြီး သေနတ်သမားလို့ သံသယရှိသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးကာ နောက်ထပ်လူ ခုနစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
“ပစ်ခတ်မှုပြီးတော့ သေနတ်သမားက အဲ့ဒီနားမှာရှိတဲ့ ရထားဘူတာထဲကို ထွက်ပြေးသွားပါတယ်။ ရဲအရာရှိတွေလိုက်လံဖမ်းဆီးတော့ တစ်ဦးကို ဖမ်းမိပြီး သေနတ်တစ်လက် သိမ်းဆည်းရခဲ့တယ်” လို့ ချီကာဂိုရဲမှူး David O. Brown က သောကြာနေ့မှာ ပြောပါတယ်။
အမျိုးသမီးတစ်ဦးလည်း ရထားလမ်းပေါ်ပြုတ်ကျပြီး ဓာတ်လိုက်ခံရလို့ စိုးရိမ်ရတဲ့အခြေအနေမှာရှိနေပါတယ်။
“ဒါက ကျွန်တော်တို့မြို့နဲ့ ကျွန်တော်တို့နိုင်ငံမှာ သေနတ်ရာဇ၀တ်မှု အကျပ်အတည်းပါပဲ၊ ဒါတောင် ရဲတပ်ဖွဲ့က ချီကာဂိုလမ်းတွေကနေ တရားမဝင်သေနတ် အတော်များမျာကို နှစ်နှစ်ဆက်တိုက် ပြန်လည်ရယူခဲ့တာပါ” လို့ ချီကာဂိုရဲအုပ်ကြီး David O. Brown က ဆိုပါတယ်။