ရွှေဘိုတက္ကသိုလ်အနီးက စစ်ဆေးရေးဂိတ်ကို ပါဆယ်ထုပ်ပို့ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုတက္ကသိုလ်အနီးက စစ်ဆေးရေးဂိတ်ကို ပါဆယ်ထုပ်ပို့ကာ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
မေလ၁၉ရက်နေ့၊မနက်၉နာရီ၁၅မိနစ်လောက်မှာ တက္ကသိုလ်တက်နေတဲ့ကျောင်းသားတစ်ဦးရဲ့အကူအညီနဲ့ စစ်ဆေးရေးဂိတ်ရှိစစ်သားတေွဆီ ပါဆယ်ထုပ်ပေးပို့ခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှုအခြေအနေအသေးစိတ်ကိုမသိရ သေးကြောင်း Black Wolf-PDF က ဒီကနေ့ထုတ်ပြန်ပါတယ်။
အဲဒီပါဆယ် ထုပ် ကြောင့် လုံခြုံ ရေး တင်းကျပ် လာတာမို့ ပြည်သူတွေအနေနဲ့ အထူး ဂရုစိုက်ကြဖို့ Black Wolf-PDF ကသတိပေးထားပါတယ်။