သွေးသောက်ဖွဲ့စည်းရေး ဆွေးနွေးနေစဉ် တိုက်ခိုက်ခံရပြီး ၃ဦးသေ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ အောက်ညဉ့်ရွာက အုပ်ချုပ်ရေးမှူးအိမ်မှာ သွေးသောက်အဖွဲ့၊ဖွဲ့စည်းရေးဆွေးနွေး နေစဉ် ဒေသတွင်း PDF တွေက တိုက်ခိုက်ခဲ့ရာ ၃ဦး သေဆုံးခဲ့တယ် လို့ သိရပါတယ်။
အောက်ညဉ့်ရွာအုပ်ချုပ်ရေးမှူး စန်းရွှေ ရဲ့နေအိမ်မှာ ပျူစောထီး ၈ ယောက်ပူးပေါင်း ပြီး ပြည်သူ့ဒုက္ခပေးသွေးသောက်အဖွဲ့ ဖွဲ့စည်းရေး အစည်းဝေးလုပ်နေစဉ် မြေလတ်-PDF MGN District ၊Seven People Defense Force(S.P.D.F)၊TTA-ပြောက်ကျားတပ်ဖွဲ့(တောင်သာ)၊Bagan Heros Guerrilla Force(B.H.G.F)နဲ့27 Revolution Force(MGN) တို့က ဝင်ရောက်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း Seven People Defense Force ကဒီနေ့မနက်မှာ သတင်းထုတ်ပြန်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ ဝင်ရောက်တိုက်ခိုက်တဲ့ရက်ကို မဖော်ပြထားပေးမဲ့ ညောင်ဦးမြို့၊၄ရပ်ကွက်တက်ကြွလှုပ် ရှားလူငယ်တစ်ဦးက မေလ၁၉ရက်ညဦးပိုင်းကလို့ သိရကြောင်း ဆိုပါတယ် ။
‘ကျွန်တော်တို့ သတင်းကြားတာက မနေ့ည ခပ်စောစောအချိန်မှာ ဝင်ပစ်သွားတာလို့သိရတယ်’လို့သူကပြောပါတယ်။