တော်လှန်ရေးရန်ပုံငွေ ကန်ဒေါ်လာ သန်း ၄၀ ကျော် ရှာဖွေနိုင်ခဲ့

NUG အစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန အနေနဲ့ တော်လှန်ရေးရန်ပုံငွေ အမေရိကန်ဒေါ် လာ ၄၂ သန်းလောက် ရှာဖွေနိုင်ခဲ့တယ်လို့ သိရပါတယ်။
ရန်ပုံငွေအများဆုံးရရှိမှုမှာ ငွေတိုက်စာချုပ်ရောင်းချခြင်းဖြစ်ပြီး အမေရိကန်ဒေါ်လာ ၃၇ သန်းဖိုးလောက် ရောင်းချပြီးပြီလို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောပါတယ်။
လက်ရှိ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်မတရားသိမ်းထားတဲ့ ၁၄/အင်းလျား အိမ်နဲ့ခြံ ရောင်းချရမှုမှာ ကန်ဒေါ်လာ ၅ သန်းဖိုးရှိပြီလို့ သိရပါတယ်။
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန အနေနဲ့ တော်လှန်ရေး စတင်ကတည်းက ဘဏ္ဍာငွေရှာဖွေရေး အစီအစဉ်ကို ကြိုးစားဆောင်ရွက်ခဲ့ရာ ပထဦးဆုံးအနေနဲ့ နွေဦးထီဖွင့်လှစ်ရောင်းချခြင်း၊ ပြည်ထောင်စု အခွန်အကောက် ဥပဒေနဲ့အညီ အခွန်ကောက်ခံခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ငွေတိုက်စာချုပ်ရောင်းချခြင်းနဲ့ လက်ရှိဆောင်ရွက်နေဆဲဖြစ်တဲ့ အကြမ်းဖက်စစ်ခေါင်းဆောင်ရဲ့ ၁၄/ အင်းလျား အိမ်နဲ့ခြံရောင်းချခြင်းတို့ ဖြစ်ပါတယ်။