“ခဲလေသမျှ ပဲရေပွတဲ့ စမီးဘဝ”

ဖာရာနသီပြည် နေပူတော်တိုင်းဌာနီမှာ၊ ဒေါ် ခိန်စော ဦးစီးတဲ့ ဇိမ်ခန်းဟာဖြင့် လျှမ်းလျှမ်းတောက် အောင်မြင်နေတဲ့ ဇိမ်ခန်းကြီးတခုပေါ့၊ ဒါပေမဲ့ တိုင်းရေးပြည်ရေး မငြိမ်မသက်ဖြစ်ပြီးနောက် ဒေါ် ခိန်စောရဲ့လုပ်ငန်း ကျဆင်းလာပြီး၊ ဝင်ငွေလျှော့လာလို့ ဒေါ် ခိန်စော
တစ်ယောက် အကြီးကျယ်ခေါင်းစား‌လို့နေတယ်။

နောက်ဆုံးတော့ ဒေါ် ခိန်စောရဲ့ စက်ကပ်ကျီးတွေနဲ့ မိန်းမီတင်ကြီးတွေလုပ်ပြီး ဘစ်ဆေးလ်ပရိုမိုရှင်းကြီး လုပ်ဖို့ဆုံးဖြတ်လိုက်ကြတယ်။

အဲ့ဒါကတော့ ဒေါ် ခိန်စောရဲ့ ဇိမ်ခန်းကြီးမှာ အချောဆုံး၊ အလှဆုံး၊ ကိုယ်လုံးကိုယ်ပေါက် အ‌မိုက်ဆုံး၊ ပုရိသယောင်္ကျားတွေအဖို့ မြင်လိုက်တာနဲ့ တဏှာရာဂစိတ်တွေ ဆူနာမီလှိုင်းလို ဝိုင်းဒိုင်းကြဲသွားစေမဲ့ စမီးပျိုလေး တဦးကို ဈေးကွက်မှာ ချသုံးမဲ့ အစီအစဉ်ပါပဲ၊ အရင်တုန်းကတော့ အဲ့ဒီကလေးမကို ထိပ်ဆုံးမင်းစိုးရာဇာတွေအတွက် တစ်လက်ကိုင်သုံးဖို့ပဲ ဥထားပေမဲ့ အခုတော့ အ‌ခြေအ‌နေအရ ထုတ်သုံးမှ ဖြစ်တော့မယ်လို့ ဆုံး‌ဖြတ်လိုက်ကြတယ်။

ဒီလိုနဲ့ ဒေါ် ခိန်စောက သူရဲ့ အက်ဗာတိုက်ဇင်းဘရန့်ခ်ျကို အခုလိုကြော်ငြာဖို့ ညွှန်ကြားလိုက်တယ်၊ “လာပါ၊လာပါ၊ အားပေးကြပါ၊ စမီးကိုယ်တိုင်အသုံးတော်ခံမှာပါလိုစ့်” မှတ်ချက်။ အားပေးမည့်သူများ မေလ ၉ ရက် နောက်ဆုံးစာရင်းသွင်းကြပါရန်၊ ဆိုပြီး ကြော်ငြာခိုင်းလိုက်ပါရော။

ဒီကြော်ငြာ ထွက်လာပြီး နေပူတော်ပြည်ကြီးမှာတော့ ဟိုးလေးတကျော်ကျော်၊ အရပ်ထဲ၊ ရွာထဲတွေမှာလဲ တကယ့်ဘရိတ်ကင်းနယူးစ်ကြီးကိုဖြစ်လို့၊ ပုရိဿ အရွယ်အစား အသီးသီးမှာလည်း ဟန်ရေးတွေပြ၊ မာန်ရေးတွေထပေါ့၊ အချို့တွေကလည်း ရှိတဲ့လယ်လေး၊ နွားလေးတွေပေါင်နှံရောင်းချဖို့ ပြင်နေကြတာပေါ့။

ဒီသတင်းတွေကြားလေ ဒေါ် ခိန်စောတယောက် ဝမ်းသာပီတိ၊ ဂွမ်းဆီထိပေါ့၊ သူ့ရဲ့စမီးလေးကိုလည်း အစားကောင်းအသောက်ကောင်းတွေကျွေး၊ ကျန်းမာရေးကအစ ဒေါင်ဒေါင်မြည်အဆင့်ဖြစ်အောင်၊ အရိပ်တကြည့်ကြည့်နဲ့ ပိုးမွေးသလို စန်းစန်းတင့်ကို ဖြစ်နေရရှာတယ်။

ဒီလိုနဲ့ သတ်မှတ်တဲ့နေ့ရောက်လာပြီး၊ ဒေါ် ခိန်စောကသူရဲ့ ကာစတန်မာစက်ရှင်ကို လှမ်းပြောလိုက်တယ်၊
“ဟေ့ ၊ ကာစတန်မာ တွေ ဘယ်လောက်စာရင်းပေးထားလဲ၊ ငါ့ကို အမြန်ရီပိုထ့် လုပ်စမ်း”

ကာစတန်မာစက်ရှင်က ဝန်ထမ်းလေးလဲ ကပျာကယာ ကွန်ပြူတာကိုဖွင့်ကြည့်ပြီး တုန်တုန်ယင်ယင်နဲ့ လှမ်းပြောလိုက်တယ်။
“ဆယ် ဆယ် ဆယ်ယောက်ပါ ဘောစ့်”

“ဘာ” ဒေါ် ခိန်စော၏အသံက မိုးကြိုးပစ်သလို ဟိန်းထွက်သွားသောကြောင့် ဝန်ထမ်းလေးမှာ အလိုလို နောက်သို့ နှစ်လှမ်းခုန်ဆုတ်သွားသည်၊

” ဘယ်လိုဖြစ်တာလဲ၊ ဘယ်လိုဖြစ်တာလဲ၊ ပြစမ်း၊ ပြစမ်း၊ အဲ့ဒီ စာရင်းတွေပြစမ်း၊ ဒီလောက်လေးနဲ့ ဘယ်လိုမှမဖြစ်နိုင်ဘူး” ဒေါသစိတ်ကြောင့် တဆတ်ဆတ်တုန်နေသော ဒေါ်ခိန်စောက ဝန်ထမ်းလေး၏ လက်တော့ကွန်ပြူတာကို လှမ်းယူပြီးကြည့်လိုက်လေသည်၊

“ဟဲ့၊ ဘယ်လိုဖြစ်တာလဲ၊ ကာစတန်မာတွေကလည်း အဟောင်းတွေချည်းပါပဲလား ၊ရယ်ဂူလာ ကာစတန်မာတွေချည်းပါပဲလား၊ ဘယ်လိုလုပ်ကြမလဲဟဲ့၊ ဒီလောက်လေးနဲ့ဆို တွက်ချေမကိုက်ဘူး၊ အရှက်တွေတော့ ကွဲကုန်တော့မှာပဲ”၊
“မဖြစ်ဘူး၊မဖြစ်ဘူး၊ အရေးပေါ် မီတင်ခေါ်မှဖြစ်မယ်၊” ” ဟိုကလေးမကိုပါ မီတင်တက်ခိုင်းလိုက်” ဟု သူ့ စက်ကက်ကျီးများကို ညွှန်ကြားလိုက်လေသည်။ ဆယ်ဦးထဲ စာရင်းပေးထားသော သတင်းကလည်း ဇိမ်ခန်းတစ်ခုလုံး တမဟုတ်ချင်း ပြန်နှံသွား‌တော့သည်။

အစည်းအဝေး ခန်းမကြီး တခုလုံး တိတ်ဆိတ်နေသည်၊ စားပွဲခုံထိပ်တည့်တည့်တွင်ထိုင်ပြီး စီးကရက်ကို နန်းစတော့ဖွာလိုက်၊ မှုတ်ထုတ်လိုက်လုပ်နေသော ဒေါ် ခိန်စောမှလွဲ၍ ကျန်သော သူများအားလုံး ခေါင်းတွေငုပ်ပြီး ငြိမ်နေကျသည်၊ ထိုအချိန်တွင် ဒေါ် ခိန်စော၏
သမော်ဒီးလေးက အစည်းဝေးခန်းအတွင်းသို့ မပြေးရုံတမယ်ဝင်လာပြီး-

“စမီးရှက်တယ် မာမီ၊ စမီးရှက်တယ်၊ စမီးရဲ့ အလှအပတွေ၊ စမီးရဲ့အဆင်းအင်္ဂါတွေက ပုရိသတွေအတွက် ပါရီကျဆုံးခန်းဖြစ်သွားပြီလား မာမီ”၊

“မဟုတ်ပါဘူးစမီးရယ်၊မဟုတ်ပါဘူး”

“ပြီးတော့ ဒီကာစတန်မာဆယ်ယောက်က အိုလ်းမော်ဒယ်ကြီးတွေ၊ ”

“ဟိုကောင်မ ထိပ်တင်ကလျာရာရာပြည့်တို့၊ မာဂရက်နဒီလင်းလင်းဒွေးတို့ရဲ့ ဂရပ်တွေတဲ့၊ ငါတို့ ဂရပ်တွေကို စနိုက်မကျော်နဲ့နော်ဆိုပြီးအဲ့ဒီကောင်မတွေက ကြိမ်းလိုက်သေးတယ်၊ဟီး၊ဟီး၊” ပြောပြောဆိုဆို ငိုချလိုက်တော့သည်။

“စမီးက ဥစ္စာပေါ၊ရုပ်ချော၊ အားကောင်းမာင်းသန် ကာစတန်မာအလန်းလေးတွေကို မှန်းထားတာ၊ဟင့်”
‘ပြီးတော့ အဲ့ဒီ ဘီးကျဲတွေက အဘတို့က ဝမ်းပဲဆိုပေမဲ့ ကာဗာတာတွေ ကျွတ်ကျွတ်အိပ်နဲ့ ထည့်လာတာတဲ့၊ တစ်ယောက်ထဲပြောပြီး အနည်းဆုံး နှစ်ယောက်၊ သုံးယောက်ပဲတဲ့၊ အလကား နှိုက်‌မြည်းတဲ့ နေရာမှာလဲ ခြေမြန်လက်မြန်တွေတဲ့”
“စမီးတော့သူတို့နဲ့ နှစ်ပါးသွားရမဲ့တူတူ ကိုယ့်ကိုကိုယ် သတ်သေပလိုက်မယ်၊ ဟီး ၊ဟီး”

“ဟဲ့ ဟဲ့ အဲ့လို လုပ်လို့မရဘူးလေ၊ ရပ်သိရွာသိလည်း ကြော်ငြာပြီးနေပြီ၊ တော်ကြာ ဒီဖောက်သည်လေးတွေပါ စိတ်ကွက်သွားမှဖြင့် ငါတို့စီးပွားပါ ပြုတ်ကုန်မယ်”

“ဟင့်အင်း ဟင့်အင်း မရဘူး ၊ စမီးကတော့ ချေချေပဲ ၊ စမီးအဆင့်ကို မာမီသိပါတယ်၊ စမီးတို့က ထိပ်ပဲ၊ ထိပ်တောင်မှ ဟိုးအပေါ်ဆုံးရဲ့ မိုးကြိုးလွှဲတိုင်ထိပ်လိုဟာမျိုးမှာနေတဲ့ အတန်းစားမျိုး၊ မာမီ အတင်းခိုင်းလို့ကတော့ စမီးကိုယ့်ကိုကိုယ် စူစိုက်လိုက်မှာ၊ အဟင့် ၊”

ဒေါ် ခိန်စောတယောက် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေစဉ်မှာပဲ သူရဲ့ စက်ကက်ကျီးတယောက်က လက်လေးထောင်ပြီး၊ သူ့မှာရှိတဲ့အကြံကို တင်ပြဖို့ ခွင့်‌တောင်းလာတယ်။

“ကဲ၊ပြောစမ်းလို့” ဒေါ် ခိန်စောကခွင့်ပြုလိုက်တော့-

“ဒီလိုပါရှင့်၊ အခု ငြင်းနေတဲ့ စမီးလေးနေရာမှာ ထမင်းချက် ဒေါ်မဲလုံးကို ဆံပင်အတုစွပ်၊ မိတ်ကပ်အဖြူလိမ်းပြီး လူစားထိုးဖို့ပါပဲရှင့်”
“အခုတလော လျှပ်စစ်မီး‌ကလည်း အမြဲပြတ်နေတယ်၊ ကာစတန်မာတွေလာရင်လည်း မဟူရာည၏ ရင်ခုန်သံ အစီအစဉ်ဖြစ်တာကြောင့် လျှပ်စစ်မီး လုံးဝမထွန်းပဲ၊ ဖယောင်းတိုင် မီးမှိန်မှိန်လေးများသာ စီစဉ်ထားကြောင်းကို ကြိုတင်အကြောင်းကြားထားမှာဖြစ်ကြောင်း” ရှင်းပြလိုက်သောအခါ-

ဒေါ် ခိန်စောမှာ စားပွဲကိုလက်ဝါးဖြင်းပုတ်ကာ ” ဂရိတ်၊ဘဲရီးဂွတ် အိုင်ဒီယာ၊ လက်စ် ဒူးအထ်” “ဒေါ်မဲလုံးကိုလည်း အခုကတည်းက မူယာသွယ်နက်ပြာမိုး လို့နာမည်ပြောင်းလိုက်” ဟုပြောကာ အစည်းဝေးခန်းမှ ထွက်သွားလေသည်။

မီးဖိုချောင်တွင် ဟင်းချက်နေသော ဒေါ်‌မဲလုံးတယောက်ကတော့ဖြင့် အရေးပေါ် မီတင်မှ ဆုံးဖြတ်ချက်များအား မသိနိုင်ရှာပေ၊ မကြာမီ အခန်းငယ်အတွင်း- အာ ကျကျ ၊ အာ့ကျ ၊အာကျကျ ဟုအော်ပြီး ပတ်ပြေးရတော့မည့် ဒေါ်မဲလုံးတဖြစ်လဲ မူယာသွယ်နက်ပြာမိုး၏ ကံကြမ္မာဟာတော့ဖြင့် မတွေးဝံသာ။

နွေဦးဂျိုကာ