ရေမျက်နီရွာ ရဲစခန်းသိမ်းတိုက်ပွဲ PDF ရဲဘော်တစ်ဦး ဒဏ်ရာရလို့ ပြန်ဆုတ်ခွ

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ရေမျက်နီရွာရဲစခန်းကို စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့ရာ PDF ရဲဘော်တစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့လို့ ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။
မေလ ၁၆ ရက်နေ့ည ၈ နာရီ ၁၀ မိနစ်လောက်မှာ ထီးလင်း PDF က ရေမျက်နီရဲစခန်းကို စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်းထီးလင်း PDF က ဒီနေ့မွန်းလွဲပိုင်းမှာ ထုတ်ပြန်ပါတယ်။
အပြန်အလှန်ပစ်ခတ်ချိန်မှာ PDF ရဲဘော်တစ်ဦး ကျည်ထိမှန်ကာ စိုးရိမ်ရဒဏ်ရာရရှိခဲ့ပါတယ်။ အခုထုတ်ပြန်ချက်ထဲမှာ ဒဏ်ရာရ PDF ရဲဘော်ရဲ့ အခြေအနေကို မဖော်ပြထားပါဘူး။
ရန်သူဘက်က ထိခိုက်ကျဆုံးမှု ရှိနိုင်ပေမဲ့ အ‌ခြေအနေကို စုံစမ်းနေဆဲလို့ ဆိုပါတယ်။
မေလ ၁၅ ရက်နေ့ကလည်း ရေမျက်နီရွာအနီးရှိ စစ်သား ၃၀ လောက်ရှိတဲ့ ဘုရားကိုးဆူ ကျေးစလောင်းတောင်ကင်းစခန်းကို တော်လှန်ရေး မဟာမိတ်တွေ ပူးပေါင်းစစ်ဆင်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၅ ဦးလောက် သေဆုံးခဲ့ပြီး မဟာမိတ်ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ပါဘူး။
ပုံစာ-ထီးလင်း PDF ရဲဘော်တွေ