အိုးအိမ်စွန့် ထွက်ပြေးရသူတွေထံ အတားအဆီးမရှိ သွားရောက်ခွင့်ရရေး WFP တောင်းဆိုထား

အိုးအိမ်စွန့် ထွက်ပြေးရသူတွေထံ အတားအဆီးမရှိ သွားရောက်ခွင့်ရရေး အတွက် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က တောင်းဆိုထားပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric ကမေလ ၁၆ ရက်နေ့က ပြုလုပ်တဲ့ နယူးယောက် ကုလသမဂ္ဂ ဌာနချုပ် သတင်းစာ ရှင်းလင်းပွဲမှာ အဲဒီလိုပြောဆိုခဲ့တာပါ။
မြန်မာနိုင်ငံတွင်း ပဋိပက္ခ ကျယ်ပြန့်နေတဲ့ ဒေသတွေမှာ တားမြစ်ကန့်သတ်မှုတွေ ရှိနေဆဲ ပဲလို့လည်း ဆိုကြောင်း VOA က ဖော်ပြပါတယ်။
၂၀၂၁ ခုနှစ် ဇူလိုင်လ နောက်ပိုင်း ကယား ဒေသကို သွားရောက်ခွင့်ရဖို့ ကြိုးစားခဲ့ပြီးနောက် အခုသီတင်းပတ် အတွင်း ကယားပြည်နယ်မှာ WFP က ရိက္ခာနဲ့ တခြား ထောက်ပံ့ပစ္စည်းတွေ စတင် ဖြန့်ဝေဖို့ ရှိကြောင်း Stephane Dujarric က ပြောပါတယ်။
ရှမ်းပြည်နယ် တောင်ပိုင်း ဒေသကိုလည်း WFP က ရိက္ခာတွေ ပို့ဆောင်နေကြောင်းလည်း သူက ပြောပါတယ်။