ကြားကာလပညာသင်ကြားရေးအတွက် စေတနာ့ဝန်ထမ်း ၉၀၀ ဦးကျော်ကို သင်တန်းပို့ချပေး

ဓာတ်ပုံ- ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာ ဆရာများ သမဂ္ဂ
ကယားပြည်နယ်(ကရင်နီ) ဒီးမော့ဆိုမြို့နယ် ဖရူဆိုမြို့နယ် မယ်စဲ့မြို့နယ်တွေမှာ ကြားကာလပညာသင်ကြားရေးအတွက် ပါဝင်ကူညီနေတဲ့ စေတနာ့ဝန်ထမ်း ဆရာ၊ဆရာမ ၉၀၀ဦးကျော်ကို သင်ကြား/သင်ယူမှု ရက်တိုသင်တန်းတွေ ပို့ချပေးနိုင်ခဲ့တယ်လို့ ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာ ဆရာများသမဂ္ဂက ဒီကနေ့ မေလ ၁၁ရက်နေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
NUG ပညာရေးဝန်ကြီးဌာနက ထုတ်ဝေထားတဲ့ Video သင်ခန်းစာတွေကိုလည်း သင်ကြားပေးနေတဲ့ ဆရာ၊ဆရာမတွေနဲ့ ကျောင်းသား၊ကျောင်းသူတွေအတွက် အထောက်အကူဖြစ်စေဖို့ Memory Sticks တွေနဲ့ ဖုန်းတွေထဲကိုလည်း ကူးယူဖြန့်ဝေပေးနိုင်ခဲ့ပြီး စေတနာ့ဝန်ထမ်း ဆရာ၊ဆရာမတွေကိုလည်း ထောက်ပံမှု အနည်းငယ်စီ ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
လာမယ့် ပညာသင်နှစ် ကြားကာလ ပညာသင်ရေးအတွက် အဆင်သင့်ဖြစ်စေဖို့ကိုလည်း ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာ ဆရာများ သမဂ္ဂအနေနဲ့ ကြိုးပမ်းနေပြီး CDM ဆရာ၊ဆရာမတွေ Volunteersတွေနဲ့ မိဘ ကျောင်းသား အားလုံးပူးပေါင်းပါဝင်ပေးကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။