အကြမ်းဖက်စစ်ယာဉ်တန်းကို ဘီးလင်းမှာ မိုင်းနှစ်ကြိမ်ဆွဲ၊ တစ်ဦးသေဆုံ

မွန်ပြည်နယ်၊ ကျိုက်ထိုကနေ ဘီးလင်းဘက်ဆင်းလာတဲ့အကြမ်းဖက်စစ်ယာဉ်တန်းကို မိုင်း ၂ ကြိမ်ဆွဲခဲ့ရာ စစ်သားတစ်ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။
မေ၁၀ရက်နေ့မှာ ဘီးလင်းဘက်ဆင်းလာတဲ့ စစ်ကား ၁၃ စီးကို ကျိုက်ထိုမြို့နယ်၊ အင်္ဂပိုရွာနားမှာ KNLA ပူးပေါင်းတပ်ဖွဲ့တပ်မဟာ(၁)တပ်ရင်း(၃)ပူးပေါင်းအဖွဲ့က တစ်ကြိမ်တိုက်ခိုက်ခဲ့ပါတယ်။
ဆက်ထွက်လာတဲ့ယာဉ်တန်းကို ဘီးလင်းအထွက် ဒေါင်းရပ်ရွာအရောက် နေ့ခင်း၁၁နာရီ၄၂မိနစ်လောက်မှာ KNLAတပ်မဟာ(၁)၊တပ်ရင်း(၂)၊တပ်ခွဲ(၂)နဲ့ဘီးလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖပူးပေါင်းအဖွဲ့တို့က ပထမအကြိမ်မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကား၂စီးပျက်စီးပြီး တစ်ဦးသေ၊တစ်ဦးပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ဘီးလင်းပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ကျန်နေသေးတဲ့ စစ်ကား၇စီးတန်းကို မွန်းလွဲ၁နာရီမိနစ်၅၀လောက်မှာ ဘီးလင်းအထွက် တောင်ကလေးရွာနားအရောက်ထပ်မံမိုင်းဆွဲခဲ့ရာ ထိခိုက်မှုအနည်းငယ်ရှိခဲ့တယ်လို့ သိရပါတယ်။