ချင်းပြည်နယ် မင်းတပ်မြို့ကနေ မတူပီမြို့ကို ဆင်းလာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ယာဉ်တန်း နှစ်ကြိမ်တိုင် မိုင်းထိပြီး သေဆုံးသူတွေ များပြားနိုင်တယ်လို့ CDF-MINDATက သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ မေလ၉ရက်နေ့မှာလည်း မင်းတပ်-မတူပီလမ်းမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေခဲ့ပြီး မိုင်တိုင် ၂၅မှာ မနက် ၁၁နာရီကနေ မွန်းလွဲ ၁နာရီအထိ အနီးကပ်တိုက်ပွဲဖြစ်ပွားခဲ့ကာ CDF-MINDATဘက်က မောင်းပြန်သေနတ်တွေ၊ RPGတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စုက ၁၀ဦးသေဆုံးသွားပြီး မိုင်းကွင်းထဲ ဝင်ရောက်လာတဲ့ စစ်အုပ်စုက အင်အား ၂၀ခန့်ကိုလည်း အောင်မြင်စွာ မိုင်းဆွဲတိုက်ခိုက်နိုင်တယ်လို့ သိရပါတယ်။
မိုင်တိုင် ၂၄မှာလည်း မိုင်းတွင်းထဲ ဝင်လာတဲ့ စစ်အုပ်စုအင်အား ၃၀ခန့်ကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး သေဆုံးသူများနိုင်တယ်လို့ CDF-MINDATက ဆိုပါတယ်။
မင်းတပ်-မတူပီလမ်းတလျှောက်မှာ အကြမ်းဖက်စစ်အုပ်စုကို အလွတ်မပေးဘဲ ရာသီဥတုဆိုးဝါးနေချိန်မှာ တိုက်ပွဲဝင်နေတဲ့ CDF-MINDAT ရဲဘော်တွေကို တက်နိုင်တဲ့ဘက်ကနေ ကူညီကြဖို့ကိုလည်း CDF-MINDATက တောင်းဆိုထားပါတယ်။