မအူပင်မြို့မှာ ပြည်သူတွေကို အနိုင်ကျင့်နေတဲ့ Non CDMကျန်းမာရေးဝန်ထမ်းနှစ်ဦး သတိပေးခံရ

ဧရာဝတီတိုင်း မအူပင်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပူးပေါင်းပြီး ပြည်သူတွေကို အနိုင်ကျင့်နေတဲ့ Non CDM ကျန်းမာရေးဝန်ထမ်းနှစ်ဦးကို လက်ရှိလုပ်ရပ်တွေ ချက်ခြင်းရပ်တန့်ဖို့ သေမင်းလက်ရာအဖွဲ့က သတိပေးစာတစ်စောင်ကို ဒီကနေ့ မေလ ၉ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
မအူပင်မြို့နယ် ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးကြီးကြပ်(၁) ဖြစ်သူ ဦးဗညားထွန်းနဲ့ ဇနီးဖြစ်သူ ရွှေတောင်မော်တိုက်နယ်ဆေးရုံမှာ အပြာဝတ်သူနာပြုအဖြစ် လုပ်ဆောင်နေသူ ဒေါ်ခင်ဝင်းမြင့်တို့ဟာ စစ်အုပ်စုနဲ့ ပူးပေါင်းပြီး ပြည်သူတွေကို အနိုင်ကျင့်ယုတ်မာနေတဲ့ တိုင်ကြားချက်တွေကို သေမင်းလက်ရာအဖွဲ့က ရရှိထားတယ်လို့ ဆိုပါတယ်။
လက်ရှိလုပ်ဆောင်နေတဲ့လုပ်ရပ်တွေကို ရပ်တန်းက ရပ်တန့်ဖို့နဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ပူးပေါင်းပြီး ပြည်သူတွေကို ဆက်လက်အနိုင်ကျင့်နေပါက အရေးယူဆောင်ရွက်သွားမယ်လို့ သေမင်းလက်ရာအဖွဲ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။