ခင်ဦးမှာ အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီးခဲ့တဲ့အိမ် ၁၄၀၀ ကျော်ရှိပြီ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်မီးရှို့ဖျက်ဆီးခဲ့တဲ့ အိမ် ခြေ ၁၄၀၀ ကျော်ရှိပြီလို့ Khin U Support Organization-KSO က ဒီကနေ့ ထုတ်ပြန်ပါတယ်။
ခင်ဦးမြို့နယ်မှာ ကျေးရွာအုပ်စု ၆၄ ခု၊ ကျေးရွာပေါင်း ၁၅၀ ကျော်ရှိတဲ့အနက် ရွာ၂၉ ရွာဟာ မီးရှို့ခံခဲ့ရတယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်ထိ မီးရှို့ခံရတဲ့ အိမ် ၁၄၀၈ လုံးရှိပြီဖြစ်ပြီး အဲဒါဟာ စစ်ကိုင်းတိုင်းထဲမှ ာမီးရှို့ခံရမှုအများဆုံးအရေ အတွက် ဖြစ်တယ်လို့လည်း ဆိုပါတယ်။
မနေ့က အကြမ်းဖက်စစ်တပ်မီးရှို့လို့ မြင်းကျကျေးရွာမှာ နေအိမ် ၁၆ လုံး ပြာကျခဲ့ပါတယ်။
မီးရှို့ခံရတဲ့ ရွာတွေထဲမှာ အင်းပတ်ကျေးရွာက အများဆုံးဖြစ်ပြီး အိမ် ၃၀၅ လုံး မီးရှို့ခံခဲ့ရတာပါ။
အခုဖော်ပြတဲ့ KSO ရဲ့အချက်အလက်တွေဟာ ၉၈ ရာခိုင်နှုန်းသေချာပြီး မြေပြင်နဲ့ ၂ ရာခိုင်နှုန်းသာ လွဲနိုင်တယ်လို့ဆိုပါတယ်။
Data for Myanmar ရဲ့ မေ ၁ ရက် ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်တပ်မီးရှို့လို့ ပျက်စီးခဲ့တဲ့အိမ် ၇၅၀၃ လုံးရှိပြီလို့ ဆိုပါတယ်။
ပုံစာ – မေ ၂ ရက်နေ့က အင်းပတ်ရွာ မီးရှို့ခံခဲ့ရပုံ