ဓာတ်ပုံ- Khing Aung Aung
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မဟာမုနိဘုရားအနီးမှာရှိတဲ့ မဟာမုနိစစ်ဘေးရှောင်စခန်းမှာ ဒီကနေ့ မေလ ၉ရက်နေ့ မနက် ၁၂နာရီကျော်မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး စခန်းတစ်ခုလုံး မီးလောင်ပြာကျသွားခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ Western Newsမှာ ဖော်ပြထားပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် စစ်ဘေးရှောင်ပြည်သူတွေရဲ့ နေအိမ် ၃၀၀ကျော် မီးလောင်ပြာကျသွားခဲ့ရပြီး မီးလောင်မှုအကြောင်းအရင်းကိုတော့ မသိရှိရသေးပါဘူး။
မီးလောင်ကျွမ်းမှုကြောင့် လူထိခိုက်မှုရှိမရှိနဲ့ နောက်ဆက်တွဲအခြေအနေတွေကိုတော့ ဆက်လက်စုံစမ်းနေဆဲပဲဖြစ်ပါတယ်။