စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ရွှေကူတဲစုရွာအတွင်းမနေ့က မေလ ၆ရက်နေ့မှာ အကြမ်းဖက်စစ်အုပ်စုအဖွဲ့ဝင် တွေနဲ့ ပျူစောထီးအဖွဲ့တွေ အကြောင်းမဲ့ဝင်ရောက်ပြီး ပြည်သူပိုင်နေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၆လုံးပြာကျသွားပြီးရွာသူရွာသားတွေထွက်ပြေးနေရ တယ်လို့ ဆိုပါတယ်။
အဆိုပါမီးရှိုဖျက်ဆီးမှုအတွင်းအကြမ်းဖက်စစ်အုပ်စုနဲ့အတူပျဥ်ထောင်ကျေးရွာအတွင်းမှ ပျူစောထီးတစ်ဖွဲ့ ပါဝင်ခဲ့ပြီးကဝက် ၁ကောင်၊ ကျွဲ ၃ကောင်ကိုလည်းပစ်သတ်သွားခဲ့သလို နေအိမ်အချို့ကိုလည်း မွှေနှောက် ဖျက်ဆီးပြီးလုယက်သွားတယ်လို့ဆိုပါတယ်။