စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်း ကျေးရွာတွေဆီ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်ကို ဒေသခံ တော်လှန်ရေးအင်အားစုက လက်လုပ်အဝေးပစ်တွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။
ဒီနေ့မနက် ၁၀ နာရီခွဲလောက်မှာ ရေဦးမြို့နယ်၊ ဆီဆုံရွာကနေ ဆင်ခြံရွာဘက်ကူးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ရေဦး ပကဖနဲ့ ရေဦး PDF တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်က စက်လတ်၊ RPG တို့နဲ့ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ရေဦး ပကဖ က ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်တပ် သေဆုံးထိခိုက်သတင်းကို မသိရသေးသလို PDF ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။
ဧပြီ ၆ ရက်နေ့မှာ အကြမ်းဖက်စစ်တပ်လက်ချက်နဲ့ နှောကုန်းကျေးရွာရှိ ပြည်သူတစ်ဦး ကျည်ထိမှန်ကျဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိကာ ပြည်သူ့နေအိမ် ၈ လုံးနဲ့ ကောက်ရိုးပုံ ၃ ပုံကို မီးရှို့ခံခဲ့ရပါတယ်။
ပုံစာ – ဧပြီ ၆ ရက်နေ့ကနှောကုန်းရွာကိုစစ်တပ် မီးရှို့