ရန်ကုန်မှာ”သက္ကရာဇ် နှစ်ပြောင်းကာသွားလည်း သွေးကြွေးအတွက်တော့အကြွေးတောင်းရမယ်” စာသားချိတ်ဆွဲ

ဒီနေ့ မေလ ၆ရက်နေ့မှာ လုံခြုံရေးတင်းကြပ်နေတဲ့ကြားကရန်ကုန်မြို့တွင်းတစ်နေရာမှာ”သက္ကရာဇ် နှစ်ပြောင်းကာသွားလည်း သွေးကြွေးအတွက်တော့အကြွေးတောင်းရမယ်” စာသားချိတ်ဆွဲခဲ့သလို ပြည်သူလူထု သွေးမအေးဖို့ လှုံ့ဆော်တဲ့စာသားတွေ ကြဲချတဲ့ လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။
အဆိုပါလှုပ်ရှားမှုကို စမ်းချောင်းပင်မသပိတ်စစ်ကြောင်း(Sc Strike )၊Revolution Force(RF)၊Labour Alliance အဖွဲ့ဝင်(CTUM)၊Lgbt Community Yangon၊အလုံလူငယ်တပ်ဦး(AYF) စတဲ့ မြေပြင်သပိတ်အင်အားစုတွေ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာပါ။