စစ်အုပ်စုရဲ့ ရိက္ခာသယ်လာတဲ့ ရေယာဉ်၃စင်းကို PDFတွေ ဖမ်းဆီး

အကြမ်းဖက်စစ်အုပ်စုအတွက် ရိက္ခာသယ်ယူလာတဲ့ ရေယာဉ် ၃စီးကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး ရိက္ခာတွေကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ နဂါးညီနောင်အဖွဲ့က သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ မေလ ၆ရက်နေ့မှာ ချင်းတွင်းမြစ်ကြောင်းအတွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ်မှာ စစ်အုပ်စုရဲ့ ရိက္ခာတင် ကုန်တင်ရေယာဉ်၃စင်းကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ကုန်တင်အမြန်ယာဥ် သုံးစင်းမှာ မအလရဲ့လက်ပါးစေများ တပ်စွဲထားသောကနီမြို့သို့ ရိက္ခာများသွားရောက်ထောက်ပံ့တယ်လို့ တပ်တွင်းသတင်းပေးပို့ချက်အရ ကျွန်တော်တို့ DBTFအဖွဲ့နှင့်မဟာမိတ်ညီနောင်အဖွဲ့များ ပူးပေါင်းပီးအချိန်မှီသွားရောက်ဖမ်းဆီးထိမ်းသိမ်းနိုင်ခဲ့ပါတယ်”လို့ နဂါးညီနောင် အထူးတပ်ဖွဲ့က ဆိုပါတယ်။
ရေယာဉ်တွေပေါ်မှာ တင်ဆောင်လာတဲ့ ဆီပုံးနဲ့ ဆန်အိတ်တွေကို သိမ်းဆည်းနိုင်ခဲ့ပြီး စစ်အုပ်စုထုတ်ကုန် အရက်ပုလင်းတွေကိုတော့ ဖျက်ဆီးဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ- DBTF