ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တည်ထောင်ကြောင်း ကြေညာခြင်း တစ်နှစ်ပြည့်အမှတ်တရအဖြစ် ပြည်သူတစ်ဦးက လက်စွပ်လှူဒါန်းခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
လက်စွပ်လှူဒါန်းသူဟာ မန္တလေးဒေသခံ ပြည်သူတစ်ဦးဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တည်ထောင်ကြောင်း ကြေညာခြင်း တစ်နှစ်ပြည့် အမှတ်တရအဖြစ် မန္တလေးဒေသခံ ပြည်သူတစ်ဦးက ကာကွယ်ရေးဆိုင်ရာအသုံးစားရိတ်တွေမှာ ထည့်သွင်းအသုံးပြုဖို့ လက်စွပ်တစ်ကွင်း ပေးပို့လှူဒါန်းခဲ့ခြင်းလို့ ဆိုပါတယ်။
မေလ ၅ ရက်နေ့ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်တည်ထောင်ခြင်း တစ်နှစ်ပြည့်နေ့ ဖြစ်ပါတယ်။