ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကားမိုင်းမြို့မှာ အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ပြည်သူ့စစ်တစ်ဦး သေနတ်နဲ့အပစ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မေလ ၅ ရက်နေ့ မနက် ၈ နာရီလောက်က ကားမိုင်းမြို့ မြို့မရပ်ကွက်ရပ်ကွက်မှာရှိတဲ့ လက်ဖက်ရည်ဆိုင်တစ်ခုမှာ လက်ဖက်ရည်သောက်နေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ဦးဇော်ဌေးကို အမည်မသိ သေနတ်သမား ၂ ဦးက ဆိုင်ကယ်လာရောက်ပစ်ခတ်ခတ်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။
“အနီးကပ်ပစ်သွားတာ တစ်ချက်ထဲနဲ့ ပွဲသိမ်းသွားတယ်၊ အခုတော့ စစ်တပ်က လာစစ်နေတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကားမိုင်းမြို့မှာ ပြည်သူ့စစ်အဖွဲ့ဝင်တွေ ပစ်ခတ်ခံရမှုဟာ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၁ ရက်နေ့ကလည်း ဖြစ်ပွားခဲ့ပြီး ကားမိုင်းမြို့ မအူပင်ပြည်သူ့စစ်ခေါင်းဆောင် ဦးတင်အောင် ပစ်ခတ်ခံခဲ့ရတယ်လို့ သိရပါတယ်။