စစ်ကိုင်းတိုင်း၊ အရာတော်တောင်နယ်၊ မလဲသာကျေးရွာက အိမ်ခြေ ၅၀၀ နဲ့အတူ မီးရှို့ခံရတဲ့ ရုပ်အလောင်းဟာ မျက်မမြင် အမျိုးသားတစ်ဦး ဖြစ်နိုင်တယ်လို့ သိရပါတယ်။
မေလ (၂) ရက်နေ့က အရာတော်တောင်နယ်၊ မလဲသာကျေးရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့တာကြေင့် အိမ်ခြေ (၅၀၀) ကျော် မီးလောင်ပျက်စီးခဲ့သလို မီးလောင်ပြင် အပျက်အစီးတွေကြားထဲ မီးလောင်ကျွမ်းနေတဲ့ ရုပ်အလောင်းတစ်လောင်းကို တွေ့ရှိခဲ့ပါတယ်။
‘အခုကျွန်တော်တို့ ဒေသခံ PDF ရဲဘော်တွေရဲ့ အဆိုအရ မျက်မမြင်အမျိုးသားပေါ့နော်။ မီးရှို့ခံထားရတဲ့ ရုပ် အလောင်းအရွယ်အစားနဲ့ ပျောက်ဆုံးနေတဲ့လူတွေကို ဆက်စပ်ပြီးပြောတာပေါ့။ အသေးစိတ် ဆေးပညာအရစစ်ဆေးဖို့ကျတော့ အခုအချိန်ဘယ်လိုမှ မဖြစ်နိုင်တော့ အတိအကျ အတည်ပြုနိုင်ဖို့တော့ခက်တယ်’ လို့ အရာတော်မြို့ပေါ်ရပ်ကွက်နေ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။
မီးလောင်ပြင် အပျက်အစီးတွေကြားထဲ မီးလောင်ကျွမ်းနေတဲ့ ရုပ်အလောင်းတစ်လောင်းကို တွေ့ရှိခဲ့ပေမဲ့ ဘယ်သူလဲ ဆိုတာ အတည်မပြုနိုင်သေးဘူးလို့ ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေးက မနေ့ကထုတ်ပြန်ပါတယ်။
‘အလောင်းကို မီးရှို့ပြီး ဖျောက်ဖျက်လိုက်တာပါ။ တစ်ရွာလုံးကိုလည်း စစ်ခွေးတွေ လုစရာရှိတာလုပြီး မီးရှို့ထားတာရင်နင့်စရာပါ’ လို့ သူကဆက်ပြောပါတယ်။
လက်ရှိမှာ ထောင်နဲ့ချီတဲ့ မလဲသာရွာသားတို့ဟာ ပြန်စရာအိမ်မရှိတော့လို့ တောထဲမှာ ဖြစ်သလိုပုန်းခိုနေကြရကြောင်း အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေ
းက ဆိုပါတယ်။