အိန္ဒိယနိုင်ငံ အနောက်ပိုင်းက မဟာရာရှထရာပြည်နယ်မှာ မတ်လနှောင်းပိုင်းကတည်းက အပူဒဏ်လွန်ကဲမှုကြောင့် သေဆုံးသူ ၂၅ဦးရှိလာပြီး ဒါဟာ လွန်ခဲ့တဲ့ငါးနှစ်အတွင်း သေဆုံးမှု အမြင့်ဆုံးဖြစ်တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။
အိန္ဒိယဟာ နေ့အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ်ကျော်လွန်နေတာကြောင့် အလားတူသေဆုံးမှုတွေ ထပ်ရှိနိုင် တယ်လို့လည်း ဆိုပါတယ်။
ရာသီဥတုပြောင်းလဲမှုကြောင့် သာမန်ထက် ပိုပြင်းထန်တဲ့အပူဒဏ်ကို ခံစားနေရာဖြစ်ပြီးသိပ္ပံပညာရှင်တွေက ပြောပါတယ်။
မုတ်သုံမိုးရွာကိုလည်း ရှေ့လမှသာ မျှော်မှန်းလို့ရမှာဖြစ်ပြီး အိန္ဒိယနိုင်ငံရဲ့ အချို့နေရာတွေမှာ မကြာခဏ မီးပြတတ်တာတွေ သိသိသာသာ မြင့်တက်လာနေပါတယ်။
လျှပ်စစ်ဓာတ်အား လိုအပ်မှုများလာတဲ့အမျှ လုပ်ငန်းလည်ပတ်တဲ့ ကုမ္ပဏီတွေဟာ ကျောက်မီးသွေး ပြတ်တောက်မှုပြဿနာကို အကြီးအကျယ် ရင်ဆိုင်နေရတာကြောင့် ကျောက်မီးသွေး တင်သွင်းမှု တိုးမြှင့်ဖို့ အစိုးရကို တောင်းဆိုနေကြပါတယ်။
အိန္ဒိယနိုင်ငံဟာ ရာစုနှစ်တစ်ခုကျော်အတွင်း စံချိန်တင် အပူဆုံးမတ်လကို ကျော်ဖြတ်ခဲ့ရတာဖြစ်ပြီး နိုင်ငံတစ်ဝှမ်း အမြင့်ဆုံးအပူချိန် ၃၃ ဒသမ ၁ ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်ခဲ့ကာ အဲဒီပမာဏဟာ ပုံမှန်ထက် ၁ ဒသမ ၈၆ ဒီဂရီဆဲလ်စီးယပ် ပိုများတယ်လို့ အိန္ဒိယမိုးလေဝသဌာနဆီက သိရပါတယ်။