ကလေး၊ ရှားဖိုရွာဝန်းကျင်ကို ရဟတ်ယာဉ်နှစ်စီးနဲ့ မနားတမ်း ပစ်ခတ်ခဲ့

PHOTO- CDF-KKG Battalion-4
အကြမ်းဖက်စစ်တပ်က အထိနာနေတဲ့ စစ်ကိုင်းတိုင်း၊ကလေးနယ်တောင်ပိုင်းက ရှားဖိုရွာဝန်းကျင်ကို စစ်သုံး ရဟတ်ယာဉ် ၂ စီးနဲ့ မနားတမ်းပစ်ခတ်ခဲ့တယ်လို့ CDF-KKG က ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးတပ်ဆင်ထားတဲ့ ဒရုန်းနဲ့ လာရောက်တိုက်ခိုက်မှုကို တော်လှန်ရေးအင်အားစုတွေက ပစ်ချနိုင်ခဲ့ပြီးနောက် ရဟတ်ယာဉ်နဲ့ လာရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒီနေ့မွန်းလွဲ ၃ နာရီကျော်မှာ CDF-KKG က ထုတ်ပြန်တာပါ။
ရဟတ်ယာဉ်နဲ့ တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု ရှိ၊မရှိ CDF-KKG က ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
အကြမ်းဖက်စစ်တပ်ဟာ မေ ၂ ရက်နေ့ မနက်ပိုင်းမှာ အောင်မင်္ဂလာရွာဘက်ကနေ အင်အားရာဂဏန်းနဲ့ ရှားဖိုရွာဘက် စစ်ကြောင်းထိုးလာရာ ဒေသခံပူးပေါင်းတပ်ဖွဲ့နဲ့ တနေကုန်တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်သား ၅ ဦးထက်မနည်း သေဆုံးခဲ့တဲ့အပြင် ပူးပေါင်းတပ်ဖွဲ့က လက်နက် ၄ လက် သိမ်းဆည်းရမိခဲ့ပါတယ်။