လှိုင်သာယာမြို့နယ် ပီမိုးနင်းလမ်းထောင့်မှာ ပစ်ခတ်မှုဖြစ်ပွာ

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် ပီမိုးနင်းလမ်းထောင့် ရွှေစံအိမ် လက်ဖက်ရည်ဆိုင်မှာ ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မေလ ၃ရက်နေ့ မနက် ၉နာရီ မိနစ် ၂၀လောက်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ရွှေစံအိမ်လက်ဖက်ရည်ဆိုင်အတွင်းမှာ ထိုင်နေသူတစ်ဦးကို အမည်မသိအမျိုးသားတစ်ဦးက လာရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ပစ်ခတ်မှုဟာ ဆိုင်အတွင်းထိုင်နေသူတွေကို ထိခိုက်မှုမရှိခဲ့ဘဲ အကြမ်းဖက်စစ်အုပ်စုရဲ့ မြို့မရဲစခန်းနဲ့ နီးကပ်နေတာကြောင့် စစ်အုပ်စုက ချက်ခြင်းရောက်ရှိလာပြီး ပိတ်ဆို့စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ပစ်ခတ်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ သီးခြားစုံစမ်း အတည်ပြုနေဆဲပဲဖြစ်ပါတယ်။